PSG အသင်းဟာ တိုက်စစ်မူးနေမာအပါအဝင် အသင်းကစားသမား (၃) ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားခံရကြောင်း အတည်ပြုကြေညာခဲ့ပါတဘ်။

လီဂူးဝမ်း ချန်ပီယံ PSG အသင်းဟာ ကျန်ကစားသမားတွေရဲ့ နာမည်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ပြင်သစ် အားကစားသတင်းL’Equipe ရဲ့ဖော်ပြချက်အရ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ဒီမာရီယာ (၃၂) နှစ် နဲ့ Leandro Paredes (၂၆) နှစ်တို့ဖြစ်နိုင်ကြောင်း သိရပါတယ်။

Source: DailyMail

ချန်ပီယံလိဂ်ဖိုင်နယ်တွင် ဘေယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားသမား (၃) ဦးစလုံးဟာ စပိန်နိုင်ငံ Ibiza ကျွန်းမှာ အပန်းဖြေခရီးထွက်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

“PSG ကစားသမား (၃) ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတာ မှန်ပါတယ်။ ကျန်းမာရေး စောက်ရှောက်မှု ခံယူသွားမှာပါ။ ကျန်တဲ့ ကစားသမားတွေအားလုံးနဲ့ဝန်ထမ်းတွေကို လာမယ့်နေ့တွေမှာ ဗိုင်းရပ်စ် စစ်ဆေးသွားမှာပါ။” လို့ အသင်းတာဝန်ရှိသူတွေက မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

Source: TrendsWide

နေမာအပါအဝင် ကစားသမား (၃) ဦးစလုံးဟာ ကွာရန်တင်း ဝင်နေပြီဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းဟာ လာမယ့် စက်တင်ဘာ (၁၀) ရက်နေ့တွင် လန့်စ် အသင်းနဲ့ လီဂူးဝမ်း ပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။ ပြိုင်ပွဲကို ရွှေ့ဆိုင်းသွားဖို့ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

နာမည်ကြီး ဘောလုံးကစားသမားတွေထဲမှာ နေမာအပြင် မန်ချက်စတာယူနိုက်တက်မှ ပေါ့ဘာ၊ စပါးအသင်းမှ Tanguy Ndombele တို့ဟာလည်း ဗိုင်းရပ်စ်ကူးစက်ထားခံရပါတယ်။

Source: TrendsWide

ပြီးခဲ့တဲ့ အပက်က ချဲလ်ဆီးအသင်းမှ ကစားသမား (၆) ဦးအထိ ဗိုင်းရပ်စ်ကူးစက်ထားခံရကြောင်း အသင်းဖက်က အတည်ပြုထားပါတယ်။ ဝုဗ်တောင်ပံ ကစားသမား Adama Traore ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် စပိန်လက်ရွေးစင် ကစားသမားစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ကလပ် (၁၂) သင်းတွင် ဗိုင်းရပ်စ်ကူးစက်ထားခံရတဲ့ ကစားသမား (၁၄) ဦးအထိရှိနေပါပြီ။ ပရီးမီးယားလိဂ် ရာသီသစ်ပြိုင်ပွဲတွေကိုတော့ လာမယ့် စက်တင်ဘာ (၁၂) ရက်နေ့တွင် စတင်ကျင်းပသွားမှာပါ။