လူတော်တော်များများ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိပါဘဲနဲ့ စိတ်ကျနေတာမျိုးတွေ ဖြစ်တက်ပါတယ်။ လေ့လာမှုတွေအရ စိတ်ကျမှုတွေ မပျော်မရွှင်ဖြစ်ရတာတွေရဲ့နောက်ကွယ်မှာ အကြောင်းအရင်းများစွာရှိနေပါတယ်။ ဥပမာ ဓာတ်သဘော မညီမျှမှုတွေ၊ စိတ်ဖိစီးမှုများတာ၊ ဆေးစားနေရတာတွေ စသဖြင့် အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။

တစ်ချို့အကြောင်းအရင်းတွေကိုတော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီမပါဘဲနဲ့ ထိန်းချုပ်လို့မရပေမယ့် တစ်ချို့ အကြောင်းအရင်းတွေ ဥပမာ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်တားဆီးလို့ရပါတဘ်။ တစ်ခါတစ်လေ စိတ်တည်ငြိမ်အေးချမ်းမှုရဖို့အတွက် ပတ်ဝန်းကျင်က အရာတစ်ချို့ကို ပစ်ပယ်ထားဖို့ လိုအပ်ပါတယ်။

ဒီနေ့ kwee page က ပျော်ရွှင်မှုတွေကို အတားအစီးဖြစ်စေတဲ့ အရာတွေအကြောင်းပြောပြပေးသွားမှာပါ။

ကမ္ဘာကြီးကို အဖြူအမည်း အနေနဲ့သာ မြင်ခြင်း

Source: Rocky-Mountain-

အလွန်အကျွံ တွေးခေါ်စဉ်းစားခြင်းဟာလည်း ပျော်ရွှင်ခြင်းကို တားဆီးနေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒီလိုပဲ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အမြင်တွေရှိနေတက်ပါတယ်။ ဘယ်သူမှ လုံးဝမှန်တယ် လုံးဝမှားတယ်ဆိုတာ မရှိပါဘူး။ ဒါကိုလက်ခံနိုင်ဖို့လိုအပ်ပါတယ်။ အဆိုးဆုံး အခြေအနေတွေနဲ့ ကြုံလာခဲ့ရင်တောင် အကောင်းမြင်စိတ်လေး မွေးဖို့ ကြိုးစားစေချင်ပါတယ်။

ထိန်ချုပ်ခြင်း

Source: Monika-Hoyt-Relationship-Coaching

ထိန်းချုပ်ချင်တဲ့ စိတ်ဆန္ဒဟာ စိတ်ဖိစီးမှုကို မြှင့်တက်စေပါတယ်။ ဘဝကြီးက လှပပြီး အလိုအလျောက် ဖြစ်တည်နေတာပါ။ ကျွန်တော်တို့အနေနဲ့ အရာ အားလုံးကို ထိန်းချုပ်လို့မရပါတယ်။ တာဝန်တွေကို တခြားလူတွေကို ခွဲဝေပေးပြီး အနားယူအပန်းဖြေဖို့ ကြိုးစားပါ။

ပြီးတော့ ထိန်းချုပ်ခြင်းဟာ relationship ကိုပျက်စီးစေပါတယ်။ အတက်နိုင်ဆုံး စိုးရိမ်ပူပန်မှုတွေကို လျှော့ချပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ပေးပါ။

ဆိုရှယ်မီဒီယာ

Source: The Drum

ဆိုရှယ်မီဒီယာ စွဲလမ်းတဲ့ရောဂါဟာ (၂၁) ရာစုမှာ များပြားလာနေပါတယ်။ လူတွေတော်တော်များများ အိပ်ယာနိုးတာနဲ့ ဖုန်းကိုယူကြည့်ကြလေ့ရှိပါတယ်။ ဘယ်သူတွေ ဘယ်လိုပုံတွေတင်ထားတဲ့ ငါတင်ထားတဲ့ ပုံကော like တွေဘယ်လောက်ရနေပြီလဲ ဘယ်သူတွေ စာဝင်ရေးထားလဲ စသဖြင့် စစ်ဆေးတက်ကြပါတယ်။ ဒီအချိန်မှာ အင်တာနက်ပေါ်မှာ စိတ်မကောင်းစရာတွေ ဒေါသဖြစ်စရာတွေ စိတ်အနှောက်အယှက်ဖြစ်စရာတွေ တွေ့ရတက်ပါတယ်။ ဒါက ပျော်ရွှင်မှုတွေအတွက် ဘယ်လိုမှ အထောက်အကူပြုတဲ့ အရာတွေမဟုတ်ပါဘူး။

မနက်ခြင်းဟာ တစ်နေ့တာလုံးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ မနက်ခင်း စိတ်မကြည်တော့ဘူးဆိုရင် တစ်နေကုန်အလုပ်လုပ်ရတာ စိတ်မကြည်တော့ပါဘူး။

ဆိုရှယ်မီဒီယာ သုံးစွဲမှုတွေကို လျှော့ချပြီး လက်ရှိအချိန်လေးတွေကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် စည်းကမ်းလေးတွေ ချမှတ်ထားသင့်ပါတယ်။ ဥပမာ ဆိုရှယ်မီဒီယာ သုံးစွဲချိန်တွေကို လျှော့ချပြီး မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ပိုပြီးအချိန်ဖြုန်းတာ၊ ဝါသနာပါရာ တခုခုကို လုပ်ပေးတာ စသဖြင့် လုပ်ပေးလို့ ရပါတယ်။

အဆိပ်နဲ့တူတဲ့ relationship ရှိနေခြင်း

Source: Power of Positivity

တစ်ခါတစ်လေ relationship တစ်ခုကို လက်လွတ်လိုက်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် နေ့စဉ်မိမိကို မပျော်မရွှင်ဖြစ်စေတဲ့ relationship မျိုးကိုတော့ ထိန်းသိမ်းမထားဖို့ အကြံပေးပါရစေ။ relationship ဆိုရာမှာ ချစ်သူရည်းစားသာမကပဲ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေလည်း ပါဝင်ပါတယ်။ ကိုယ့်နဲ့ အဆင်မပြေဘူးထင်ရင် အဆက်အသွယ်ဖြတ်နိုင်အောင် ကြိုးစားပါ။ ပျော်ရွှင်မှုဆိုတာ သင့်လက်ထဲမှာပါ။