လူတော်တော်များများဟာ ပင်ကိုယ်အရည်အသွေးဆိုတာ မွေးလာကတည်းက ပါလာကြတာလို့ မှတ်ယူထားကြပါတယ်။ ဟုတ်ပါတယ် တစ်ချို့လူတွေက မွေးလာကတည်းက ဟာသဉာဏ် နဲ့ အချို့သော ပင်ကိုယ်အရည်အသွေးတွေ ပါလာတက်ကြတယ်။ တစ်ချို့တွေကတော့ ကိုယ်ရည်ကိုယ်သွေးလို့ ပြောလို့ရအောင် ဘာမှပါမလာကြပါဘူး။ ပြီးတော့ သူတို့တွေက ဒါကို လုပ်ယူလို့မရဘူး ကျင့်ယူလို့ မရဘူးလို့ ယူဆထားကြပါတယ်။

အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေဖို့လိုအပ်ပါတယ်။ တစ်ချို့တွေကိုကျတော့ ကျင့်ယူလို့ မရပေမယ့် တစ်ချို့တွေကိုကျတော့ လေ့ကျင့်ယူလို့ရပါတယ်။ ဒီနေ့ kwee page ကလေ့ကျင့်ယူလို့ရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အကြောင်းပြောပြပေးသွားမှာပါ။

မိမိကိုယ်ကိုယုံကြည်မှု

Source: Bookboon

မိမိကိုယ်ကိုယုံကြည်မှု ရှိတဲ့လူတွေဟာ မိမိကိုယ်ကို သံသယများတဲ့လူတွေထက် ပိုပြီးအခွင့်အရေးတွေ ရတက်ကြပါတယ်။ ဘာလို့လဲဆို‌တော့ သူတို့တွေဟာ အခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပြီး လူအများရဲ့ လေးစားအားကျမှုကို ခံရလို့ပါပဲ။

မိမိကိုယ်ကို ယုံကြည်မှုရှိနေဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ အာရုံစိုက်မှုနဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ တည်ငြိမ်မှုရှိစေပါတယ်။ မိမိလုပ်ရမယ့်အရာတွေကိုသာ လုပ်သွားပါ။ တခြားလူတွေရဲ့ထင်မြင်ချက်တွေကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့။ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့လူတွေဟာ သူတို့ရဲ့ဘဝကို သူတို့ကိုယ်တိုင်ထိန်းချုပ်ပြီး သူတို့ရဲ့လုပ်ဆောင်မှုတွေအားလုံးအတွက် တာဝန်ယူမှုတာဝန်ခံမှု အပြည့်ရှိကြပါတယ်။

“No” လို့ပြောနိုင်တဲ့စွမ်းရည်

Source: Chief Executive Magazine

“No” ဆိုပြီး ငြင်ပယ်ခြင်းမပြုနိုင်တာဟာ မိမိကိုယ်ကိုတန်ဖိုးမထားတာနဲ့ တူတူပါပဲ။ တခြားလူတွေကိုအမြဲတမ်း ကူညီတက်တဲ့သူတွေဟာ ကူညီပေးခဲ့တဲ့လူတွေတော်တော်များများရဲ့ ကျေးဇူးသိတက်မှုနဲ့ အသိအမှတ်ပြုမှုကို ဆုံးရှုံးရတက်ပါတယ်။ ဘာလို့လဲဆိုတော့ အကူအညီတောင်းတိုင်း မငြင်းတက်တာကြောင့် ပုံမှန်ကိစ္စရပ်တခုလို ဖြစ်သွားတာကြောင့် အသိအမှတ်ပြုခံရမှု နည်းသွားခြင်းဖြစ်ပါတယ်။ ကိုယ်ရတာထက်ပိုပြီး မျှဝေတဲ့လူ (သို့) ပေးတက်တဲ့လူတွေမှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများရှိတက်ပါတယ်။

ဘယ်အချိန်မဆို “No” ဆိုပြီးငြင်းပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ တခြားလူတွေကို ကူညီနိုင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ငြင်းပယ်မှုကြောင့် တခြားလူတွေကို စော်ကားသလိုဖြစ်သွားမှာ မကြောက်ပါနဲ့။ ဒီလို ငြင်းပယ်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ကြင်နာသနားမှုကို အခွင့်ကောင်းယူမယ့်လူတွေရဲ့ ရန်ကနေကင်းဝေးစေပါတယ်။ ပညာဉာဏ်ရှိပြီး စဉ်းစားတက်တဲ့လူတွေအနေနဲ့ လူတစ်ယောက်ကို အမြဲတမ်းကူညီပေးဖို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပေးနိုင်ပါလိမ့်မယ်။

ဟာသဉာဏ်

Source: The List

ဟာသဉာဏ်ရှိတဲ့သူတွေကို လူတွေတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ သူတို့တွေအနားမှာ ရှိနေရင် အမြဲတမ်းမဟုတ်ရင်တောင် မကြာခဏ ရယ်မောရလေ့ရှိပါတယ်။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးပြီး အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်စေကာ လူတွေနဲ့ဆက်ဆံရာမှာ အသုံးဝင်ပါတယ်။

ဟာသဉာဏ် ရှိဖို့ကမခက်သလို လွယ်ကူလားဆိုတော့ အရမ်းကြီးမလွယ်ကူပါဘူး။ အရာရာတိုင်းကို အရမ်းကြီး အလေးအနက်ထားခြင်းကို လျှော့ချရပါမယ်။ ပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုရှိရပါတယ်။ လူတွေကိုယ်ပြောလိုက်တဲ့ ဟာသအပေါ်ဘယ်လိုတုံ့ပြန်လဲဆိုတာကို သတိထားကြည့်ပါ။ သူတို့ရဲ့တုံ့ပြန်မှုတွေအပေါ် ထပ်ဆင့်ဟာသပြုလုပ်ခြင်းက ပိုပြီးတော့ ဟာသမြောက်ပါတယ်။ တခုသတိထားရမှာက ဟာသပြုလုပ်တယ်ဆိုရာမှာ တဖက်လူကိုစော်ကားတဲ့ စကားလုံးအသုံးအနှုန်းတွေ မသုံးမိဖိနဲ့ မိသားစုအပေါ် ပြက်ရယ်ပြုတဲ့ ပြတ်လုံးတွေ မသုံးမိဖို့ လိုအပ်ပါတယ်။

လူတွေကိုဆွဲဆောင်နိုင်တဲ့ စွမ်းရည်

Source: Oracle Blogs

တစ်ချို့လူတွေဟာ ရုပ်ရည်သန့်ပြန့်ပြီး လူတိုင်းက သူတို့ကို နှစ်သက်သဘောကျစေမယ့် စွမ်းရည်မျိုးပိုင်ဆိုင်ထားကြပါတယ်။ ပြီးတော့ တစ်ချို့လူတွေဟာ ဩဇာတိက္ကမနဲ့ ပြည့်စုံကြပြီး လူတိုင်းရဲ့ အားကိုချင်စိတ်ကို ရရှိထားတက်ကြပါတယ်။ ဒီစွမ်းရည်တွေက လေ့ကျင့်ယူလို့ရပါတယ်။

လူတွေနဲ့စကားပြောချိန်မှာ စိတ်တည်ငြိမ်အောင်ထားပြီး သူတို့နဲ့ မျက်လုံးချင်းစုံအောင်ကြည့်ပါတယ်။ ပြီးတော့ ပြုံးဖို့ မမေ့လိုက်ပါနဲ့။ ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့လူတွေဟာ တခြားလူတွေရဲ့ပြောစကားတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတက်ပြီး သူတို့ပြောတဲ့ အကြောင်းအရာတွေကို အကောင်းမြင်စိတ်နဲ့ ဝေဖန်သုံးသပ်ပေးကြပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့အကြောင်းတွေ (သို့) ကိုယ်ပြောချင်တာတွေကိုပဲ ဇွတ်မပြောပါနဲ့။ တဖက်လူကို မေးခွန်းတွေ မေးပေးပါ။ ပြီးတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မဖွင့်ပြပါနဲ့။ တခြားလူက ကိုယ့်ကို စော်ကားတဲ့ အကြောင်းတွေပြောလာပြီဆိုရင်တော့ မကြိုက်တဲ့အကြောင်း ပြနိုင်ပါတယ်။ မကြိုက်တဲ့အကြောင်းကို စကားအရှည်ကြီးတွေ ပြောပြီးရှင်းပြနေမယ့်အစား စကားလမ်းကြောင်းလွှဲတာ (သို့) စကားမပြောဘဲ ရပ်လိုက်တာမျိုး လုပ်သင့်ပါတယ်။