မန်စီးတီးကွင်လယ် ကစားသမား ဒီဘရိုင်းဟာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဒီဘရိုင်းဟာ ဟာဒီဆုကို လီဗာပူးလ်ကစားသမားတွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်၊ ဟန်ဒါဆန် နဲ့ အလက်ဇန်းဒါး အာနိုး တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Soruce: BBC.com
၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် PFA တစ်နှစ်တာအကောင်းဆုံးအသင်းစာရင်းမှာ ချန်ပီယံ လီဗာပူးလ်အသင်းမှ ကစားသမားအများစုပါဝင်ခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဟာ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီအတွင်းမှာ မန်စီးတီးအသင်းအတွက် ၁၃ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။
လီဗာပူးလ် ကစားသမား အလက်ဇန်းဒါး အာနိုးဟာ အေဘရာဟန်၊ ဂရင်းဝုဒ်၊ မေဆန် မောက်၊ ရက်စ်ဖို့ဒ် နဲ့ ဆာကာ တို့ကိုကျော်ဖြတ်ပြီး PFA တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမား အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အာနိုးဟာ လီဗာပူးလ်အသင်းအတွက် clean sheets (၁၂) ပွဲအထိရယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တာကြောင့် FA တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမား အဖြစ်ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။

Source: Metro
၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် PFA တစ်နှစ်တာအကောင်းဆုံးအသင်းစာရင်း
ဂိုး – နစ်ပေါ့ပ် (ဘန်လေ)

Source: The Guardian
နောက်တန်း – အာနိုး (လီဗာပူးလ်)

Soruce: AS English – Diario AS
နောက်တန်း – ဆိုယွန်ဂျူ (လက်စတာ)

Source: CBS-Sports
နောက်တန်း – ဗန်ဒိုက်(လီဗာပူးလ်)

Source: UNB Media
နောက်တန်း – ရောဘတ်ဆန် (လီဗာပူးလ်)

Source: UNB Media
အလယ်တန်း – ဒီဘရိုင်းနား (မန်စီးတီး)

Source: Manchester City FC
အလယ်တန်း – ဟန်ဒါဆန် (လီဗာပူးလ်)

Source: Daily Mail
အလယ်တန်း – ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး)

Source: The Guardian
ရှေ့တန်း – မာနေ (လီဗာပူးလ်)

Source: This is Anfield
ရှေ့တန်း – ဗာဒီ (လက်စတာ)

Source: Besoccer
ရှေ့တန်း – အူဘာမီယန်း (အာဆင်နယ်)

Source: AS English
