COVID-19 ကြောင့် Stay Home နေနေရတယ်ဆိုရင် သင့်ရဲ့ အချိန်ဇယားကို ချိန်ညှိပေးဖို့ လိုပြီ ဖြစ်ပါတယ်။ ဒီအချိန်ဟာ Self-Care လို့ ခေါ်တဲ့ ကိုယ့်ဘာသာ ဂရုစိုက်ရမယ့် အချိန်ပါပဲ။ ဒီတော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝပုံစံသစ်မှာ ကိုယ့်ကို ပိုကောင်းစေမယ့် လုပ်ဖွယ်ကိစ္စလေးတွေ စာရင်းထဲ ထည့်လိုက်ရအောင်။
(၁) စာရေးပါ

Photo: Freepik
သင့်မှာ ထူးခြားတဲ့ အတွေ့အကြုံနဲ့ ပြောစရာ မှတ်ဉာဏ်တွေ ရှိနိုင်ပါတယ်။ ဒါတွေကို ဒီအချိန်မှာ ချရေးလိုက်ရင် မကောင်းဘူးလား။ အခုဆို အချိန်တွေလည်း ပိုရလာပြီ။ ကိုယ့်အနေနဲ့ တစ်ခုခု မှတ်လောက်သားလောက် ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ကိုယ်ပိုင်ဇာတ်လမ်းတွေ ဖန်တီးဖို့ အကောင်းဆုံးအချိန်ပါပဲ။
(၂) အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ

Photo: Freepik
စက္ကန့်တိုင်းမှာ ကျွန်တော်တို့ အသက်ရှုနေကြတာပါပဲ။ ဒါပေမယ့် ကိုယ်အသက်ရှုမှုကို အချိန်ပေးပြီး လေးလေးနက်နက် ပြန်ပြီး မစောင့်ကြည့်ခဲ့ကြဘူးမလား။ အခုချိန်မှာ အသက်ရှုခြင်းကို လေ့ကျင့်ခန်းလို အသွင်ပြောင်းပြီး လေ့လာကြည့်သင့်ပါတယ်။ အသက်ပြင်းပြင်း ရှုရှိုက်ခြင်းဟာ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းစနစ်အမျိုးမျိုးအပေါ် ကောင်းကျိုးများသလို စိတ္တသုခလည်း ပေးနိုင်ပါတယ်။
(၃) စာဖတ်ပါ
Photo: Freepik
အရင်က အလုပ်တွေ ပိပြီး တစ်လကို စာအုပ်တစ်အုပ်တောင် ပြီးအောင် ဖတ်ဖို့ မလွယ်ခဲ့ပါဘူး။ အခုလို အားလပ်ချိန်မှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေ တန်းစီပြီ ဖတ်လို့ ရပါပြီ။ ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ဇယားမှာ သိပ္ပံစိတ်ကူယဉ်စာအုပ်ဖတ်မလား ၊ သမိုင်းစာပေ ဖတ်ကြည့်မလား ၊ အတ္ထုပ္ပတ္တိနဲ့ ဒဿနတွေ ဖတ်မလား ။ စိတ်ကြိုက်ဖတ်လို့ ရပြီ ဖြစ်ပါတယ်။
(၄) To-Do List လေးနဲ့ လုပ်စရာလေးတွေ လုပ်ကြည့်ပါ

Photo: Freepik
တစ်နေ့နဲ့ တစ်နေ့ မရိုးရအောင် အချိန်ဇယားလေး ဆွဲပြီး အလုပ်လုပ်ကြည့်ပါလား။ ကိုယ့်ရဲ့ To-Do List ထဲမှာ အပင်လေးတွေ စိုက်တာ ၊ အွန်လိုင်းသင်တန်းလေးတက်တာ ၊ ဇာတ်ကားသစ်တွေ ကြည့်တာ ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ကြည့်တာနဲ့ အင်တာနက်ပေါ်က ဟာသတွေ လျှောက်ဖတ်တာအထိ ပေါ့။
(၅) Exercise လုပ်ပါ

Photo: Freepik
အိမ်ထဲမှာ နေနေတုန်း ဝိတ်တွေ စွတ်တက်မလာအောင် ကိုယ်လက်လေ့ကျင့်ခန်းလည်း လုပ်ပေးဖို့ လိုပါတယ်။ အားကစားလုပ်ခြင်းဟာ ခန္ဓာကိုယ်တင် ပုံသွင်းတာ မဟုတ်ဘဲ စိတ်ကိုလည်း ရွှင်လန်း လူလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးသင့်ပါတယ်။
