ကျန်းမာရွှင်လန်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ဖို့ ကိုယ့်ရဲ့ လူနေမှုပုံစံနဲ့ အလေ့အကျင့်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေရပါမယ်။ Healthy Lifestyle တစ်ခုမှာ မပါမဖြစ်တာက Healthy Foods တွေပါပဲ။ ကိုယ်ခန္ဓာနဲ့ စိတ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပေးနိုင်တဲ့ အစားအသောက်တွေကို မျှတညီညွတ်စွာ စားသုံးပေးမှသာ စိတ်ရောလူပါ ရွှင်လန်းမှာ ဖြစ်ပါတယ်။ အခုပြောမှက ဗိုက်တာမင် ၊ သတ္ထုဓါတ် ၊ အမျှင်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရချိန်မှာ စားပေးသင့်တဲ့ Super Foods တွေအကြောင်းပါ။
(၁) အယ်လ်မွန်

Photo: Freepik
အယ်လ်မွန်စေ့ဟာ အပင်က ရတဲ့ ပရိုတိန်းနဲ့ အမျှင်ဓါတ်ကြွယ်ဝလို့ တစ်နေ့တာအတွက် လိုအပ်တဲ့ Engergy ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့အတွက် ဗိုက်တာမင် ဘီနဲ့ဗိုက်တာမင်အီးအပြင် မဂ္ဂနီဆီယမ်နဲ့ သံဓါတ်တွေလည်း ပါဝင်ပါတယ်။
(၂) ငရုတ်ပွ

Photo: Freepik
ငရုတ်ပွမှာ ကျန်းမာရေးကောင်းကျိုးများပါတယ်။ Capsaicin ဒြပ်ပေါင်းတွေဟာ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဦးနှောက်အတွင်း အောက်ဆီဂျင်ပို့ဆောင်မှု မြင့်မားစေတာကြောင့် ပင်ပန်းမှုကို လျှော့ချပေးနိုင်ပါတယ်။
(၃) ဟင်းရွက်များ

Photo: Freepik
အစိမ်းရင့်ရောင် အရွက်တွေဟာ သွေးနီဆဲလ်တွေ တည်ဆောက်အောင် ကူညီပေးမယ့် သံဓါတ်ကြွယ်ဝသလို ခန္ဓာကိုယ်တစ်ခုလုံး သံဓါတ်စုပ်ယူရလွယ်ကူစေတဲ့ ဗိုက်တာမင်စီလည်း များပြားစွာ ပါဝင်ပါတယ်။
(၄) ဟင်းခတ်ပစ္စည်းများ

Photo: Freepik
ဂျင်း နဲ့ နနွင်းတို့လို ဟင်းခတ်အမွှေးအကြိုင်တွေမှာ ကိုယ်ခံအားစနစ်ကို ပိုမြှင့်ပေးမယ့် Curcumin နဲ့ Gingerolis ဓါတ်တို့ ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်ပေးလို့ ကျန်းမာရွှင်လန်းစေပါတယ်။
(၅) ငှက်ပျော

Photo: Freepik
ငှက်ပျောသီးဟာ အမျှင်ဓါတ်ကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အသီးအနှံအဖြစ် နာမည်ကြီးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝပြီး တစ်နေ့တာလုံး ကိုယ်တွင်း သကြားဓါတ် Level ကို ထိန်းပေးထားနိုင်ပါတယ်။
