တစ်ခါတစ်လေမှာ မလိုလားအပ်တွေကြောက်ရွံ ထိတ်လန့်စိတ်တွေကြောင့် ဘဝမှာထင်သလောက်မတိုးတက်တာတွေ အောင်မြင်ဖို့ကြန့်ကြာသွားစေတာတွေ ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ဖို့ နှောင့်နှေးသွားတာတွေဖြစ်တက်ပါတယ်။ သင့်ဘဝကိုအမှန်တကယ်ပဲ တိုးတက်ပြောင်းလဲချင်တယ်ဆိုရင် အခုပြောပြမယ့် ကြောက်စိတ်တွေကို သင့်ဘဝထဲကနေ အပြီးတိုင်းဖယ်ရှားလိုက်ဖို့အကြံပြုချင်ပါတယ်။

(၁) ကျရှုံးမှာကြောက်တဲ့စိတ်

Source : Freepik

လူတိုင်းလူတိုင်းကတော့ ဘဝမှာ ကျရှုံးမှုတွေနဲ့ကြုံရမှာကို ကြောက်ကြတဲ့ သူတွေကြီးပါပဲ။ သို့သော်လည်း သင့်အနေနဲ့ ကျရှုံးမှာကြောက်ပြီး ဘားမှမလုပ်ဘူးဆိုရင် အောင်မြင်မှုဆိုတာလည်းရှိလာနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က အောင်မြင်နေသူအများစုရဲ့ဘဝတွေမှာလည်း ကျရှုံးခြင်းတွေများစွာရှိခဲ့ကြပါတယ်။ ကျရှုံးခြင်းတွေက အောင်မြင်ဖို့အတွက် အကောင်းဆုံးသင်ခန်းစာတွေဆိုတာမမေ့ပါနဲ့။ ဒါကြောင့်ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် ကျရှုံးမှာမကြောက်ပါနဲ့။ ကျရှုံးမှုတွေကြုံခဲ့ရင်တောင် အကောင်းဆုံးသင်ခန်းစာယူပြီး ပြန်လည်ရုန်းထနိုင်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်။

(၂) ပြောင်းလဲဖို့ကြောက်တဲ့စိတ်

Source : MyBusiness

သင့်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ အရာတွေပိုင်ဆိုင်နိုင်ဖို့ ရည်းမှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ပြောင်းလဲခြင်းတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိရပါမယ်။ Comfort Zone ထဲကရုန်းမထွက်သ၍တော့ သင့်အနေနဲ့ မျှော်မှန်းထားတဲ့အောင်မြင်မှုကိုရရှိဖို့ ခက်ခဲနေမှာပါ။ လက်ရှိ အဆင်ပြေရုံဆိုတဲ့အခြေအနေကိုဖက်တွယ်ပြီး ပြောင်းလဲဖို့တွန့်ဆုတ်နေမယ်ဆိုရင် ယခုအခြေအနေထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးရနိုင်ပါတယ်။ ဒါ့ကြောင့်ဘဝမှာ အပြောင်းအလဲတွေကိုမကြောက်ပါနဲ့။ သတ္တိရှိရှိနဲ့ ပြောင်းလဲလိုက်ပါ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လိုက်ပါ။

(၃) ဝေဖန်ခံရမှာကြောက်တဲ့စိတ်

Source : Pinterest

လူအများစုဟာ သူတို့ပတ်ဝန်းကျင်ကလူတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေကို သိပ်ပြီးအလေးနက်ထားတက်ကြပါတယ်။ သင့်အနေနဲ့ တခြားသူတွေရဲ့ အမြင်တွေကိုပဲ ဦးစားပေး အလေးအနက်ထားလွန်းရင် ကိုယ်ကိုယ့်ကို ယုံကြည်မှုပျောက်ဆုံးပြီး စိုးရိမ်စိတ်နဲ့ကြောက်စိတ်တွေကသာ ပိုပြီးနေရာယူလာမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ယုံကြည်ရာ စိတ်ကူးအိပ်မက်တွေကိုလုပ်ဆောင်ရာမှာ တခြားသူတွေရဲ့အမြင်တွေ ဝေဖန်မှုတွေကို လျစ်လျူရှုထားသင့်ပါတယ်။ သူများတွေရဲ့ အမြင်တွေကို ဝေဖန်မှုတွေကို အချိန်တိုင်းလက်ခံနေဖို့မလိုအပ်ပါဘူး။

(၄) မဖြစ်သေးတဲ့အရာတွေအပေါ်ကြောက်တဲ့စိတ်

Source : Pyramid Family Behavioral Healthcare

သေချာရေရာစွာမသိနိုင်တဲ့အရာတွေ အပေါ်ကြောက်တဲ့စိတ်ဟာ များသောအားဖြင့် စိုးရိမ်စိတ်လွန်ကဲသူတွေမှာ အဖြစ်များပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် ဖြစ်မလာသေးတဲ့အနာဂတ်ကို ကြိုတင်တွေးတောပြီး စိုးရိမ်ပူပင်နေခြင်းဖြစ်ပါတယ်။ မဖြစ်သေးတဲ့အရာတစ်ခု ကိုယ်တိုင်လည်းတိတိကျကျမသိရသေးတဲ့ အခြေအနေတစ်ခုကို ကိုယ်အနေနဲ့ ကြိုတွေးပြီး ကြောက်နေတာဟာ သင့်ကို ပိုပြီးအားနည်းသွားစေနိုင်ပါတယ်။ တစ်ချို့ကိစ္စတွေဟာ ကိုယ်တကယ်ရင်ဆိုင်လိုက်တဲ့အခါ တွေးထားသလောက် မဆိုးတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ အရာရာကို သတိရှိတာကောင်းပေမယ့် မဖြစ်သေးတဲ့အရာတွေကို ကြိုတင်ပြီးကြောက်နေခြင်းကတော့ မကောင်းပါဘူး။