လက်တလောမှာ Covid – 19 ရောဂါကူးစက်ပြန့်ပွားမှုနှုန်းအရမ်းကို မြင့်တက်နေပြီး ရန်ကုန်မြို့ မြို့နယ် အများစုအပါအဝင် မြန်မာနိုင်ငံမြို့ကြီးတော်တော်များများမှာလည်း Stay At Home အစီအစဉ်တွေကို ပြန်လည်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဒါကြောင့်အခုလို Stay Home ကာလမှာ စာဖတ်ပရိသတ်တွေအနေနဲ့ အိမ်မှာနေရင်း အပျင်းလည်းပြေ အကျိုးလည်းရှိစေမယ့် အရာလေးတွေလုပ်ဆောင်နိုင်ဖို့ နည်းလမ်းကောင်း တချို့မျှဝေပေးချင်ပါတယ်။ ဘယ်လိုအကျိုးရှိတဲ့အရာလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားရင်ဆက်ဖတ်ကြည့် လိုက်ပါအုန်း။

(၁) မှန်ကန်တဲ့သတင်းအချက်များမျှဝေပေးပါ

Source : Freepik

အခုချိန်မှာ Coivd – 19 ရောဂါနဲ့ ပတ်သတ်တဲ့ ထင်ယောင်ထင်မှား သတင်းအမှားတွေကိုထိန်းချုပ်ပြီး မှန်ကန်တဲ့သတင်းအချက်အလက်များသိရှိရဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှ ာသင့်အနေနဲ့ ဆိုရှယ်မီဒီယာတွေ အသုံးပြုရင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတွေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွေ နှင့် အစိုးရအဖွဲ့အစည်းတွေက နေတရားဝင် ထုတ်ပြန်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို မိမိရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့် Coivd – 19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုဝမ်းစာဖြည့်ပါ

Source : EAF Resources

အားလပ်ချိန်များများရတဲ့ Stay Home ကာလမှာ လေ့လာသင်ယူခြင်းတွေပြုလုပ်ပြီး အချိန်ကိုအကျိုးရှိအောင်အသုံးချသင့်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်မှာ ပညာရပ်တစ်ခုကိုလေ့လာဖို့ အရမ်းမခက်ခဲတော့ပါဘူး။ အင်တာနက်ရှိရုံနဲ့ မိမိလေ့လာသင်ယူချင်တဲ့ ပညာရပ်တွေကို အိမ်မှာနေရင်း သင်ယူလေ့လာလို့ရနေပါပြီ။ ဒါကြောင့် အိမ်မှာနေတဲ့အချိန်တွင်းမှာ အကျိုးရှိစေဖို့ ဘာသာစကားတွေ နည်းပညာဆိုင်ရာပညာရပ်တွေ စသည်ဖြင့် မိမိဝါသနာပါပြီး စိတ်အားထက်သန်တဲ့ ပညာရပ်တစ်ခုခုကို လေ့လာဖို့အကြံပြုချင်ပါတယ်။

(၃) ကိုယ့်ကိုယ့်ကိုဂရုစိုက်သလိုကိုယ့် ပတ်ဝန်းကျင်ကလူတွေကိုလည်းဂရုစိုက်ပါ

Source : Family – LoveToKnow

သင့်အနေနဲ့ နေ့စဉ်ဘဝမှာစိတ်ရောကိုယ်ပါကျန်းမာဖို့ အာဟာရရှိတဲ့အစားအစာတွေစားတာ အားကစားလုပ်တာ စိတ်ဖိစီးမှုနည်းစေမယ့် အလေ့အကျင့်တွေပြုလုပ်တာ အိပ်ချိန်မှန်မှန်အိပ်တာ စတဲ့အရာတွေပြုလုပ်ပြီး ကိုယ့်ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။ အလားတူ အခုလိုအကျပ်အတည်းကာလမှာ လူတိုင်းနီးပါး စိတ်ဖိစီးမှုနှင့် စိတ်ပင်ပန်းခြင်းတွေနှင့် ဝမ်းနည်းအားငယ်ခြင်းတွေစတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ အများစုခံစားနေရတက်တာကြောင့် ကိုယ်ပတ်ဝန်းကျင်က မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံတာမျိုး ဖေးမကူညီတာမျိုး အားပေးစကားတွေပြောတာမျိုးတွေ လုပ်သင့်ပါတယ်။

(၄) စာအုပ်ဖတ်ပါ

Source : Blog TIDEXA

အားလပ်ချိန်တွေမှာအများစုက ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်ဆုံးလေ့ရှိကြပါတယ်။ တကယ်တော့ တနေ့တာမှာဆိုရှယ်မီဒီယာတွေအလွန်အကျွံသုံးစွဲတာ ဂိမ်းတွေအရမ်းဆော့တာက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဆိုးဆိုးရွှားရွှားထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ စိတ်ဖိစီးမှုလည်းလျော့ကျပြီး များစွာသောဗဟုသုတတွေလည်းရစေဖို့ စာ အုပ်ဖတ်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။