အသားအရေထိန်းသိမ်းတယ်ဆိုတာ အမျိုးသမီးတွေသာမက အမျိုးသားတွေအနေနဲ့လည်း လိုက်နာဆောင်ရွှက်သင့်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့အသားအရေထိန်းသိမ်းခြင်းအတွက် ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့် အခြေခံကျတဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက် (၅)ချက်ကိုအရင်ဆုံး လိုက်နာဆောင်ရွှက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) မုတ်ဆိတ်ရိတ်ခရင်မ်အသုံးပြုပါ

Source : SPY

အမျိုးသားတိုင်းလိုလို တပတ်မှာ ၁ ကြိမ်တော့ အနည်းဆုံး မုတ်ဆုတ်ရိတ်တတ်ကြပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ မုတ်ဆိတ်ရိတ်ခရင်မ်မဖြစ်မနေ အသုံးပြုသင့်သလို မုတ်ဆိတ်ရိတ်တဲ့ ဓားကလည်းအရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းကိုသုံးဖို့လိုအပ်ပါတယ်။ ဒါမှသာ သင့်မျက်နှာအသားအရေမပျက်စီးအောင် ကာကွယ်နိုင်မှာပါ။

(၂) မျက်နှာသစ်ဆပ်ပြာသုံးပါ

Source : Reader’s Digest

သာမာန်ရေချိုးဆပ်ပြာနဲ့ပဲ မျက်နှာသစ်နေမိတယ်ဆိုရင် ဒီနေ့ကစပြီး အဆိုပါအလေ့အကျင့်ကိုစွန့်လွတ်လိုက်သင့်ပါပြီး။ မျက်နှာအသားအရေက အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆပ်ပြာကောင်းကောင်းကို သုံးပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း မျက်နှာပေါ်က အဆီနဲ့အညစ်အကြေးတွေကို ထိထိရောက်ရောက်သန့်စင်နိုင်မှာဖြစ်ပြီး သင့်ရဲ့မျက်နှာအသားအရေကိုကျန်းမာနေစေမှာပါ။

(၃) အစိုဓာတ်ထိန်းခရမ်င်လိမ်းပေးပါ

Source : Esquire

မျက်နှာပေါ်က အသားအရေကို နေ့စဉ်အစိုဓာတ်ဖြည့်တင်းပေးခြင်းကလည်း အရေးကြီးတဲ့ အသားအရေထိန်းသိမ်းခြင်း အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ အသားအရေကို နေ့စဉ်ပုံမှန် အစိုဓာတ်ဖြည့်တင်းပေးခြင်းက နူးညံတဲ့ မျက်နှာအသားအရေကို ရရှိစေမှာဖြစ်ပြီး ကြည်လင်းရှင်းသန့်နေစေမှာဖြစ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င်တွေရွေးတဲ့အခါ အမွှေးအနံ့မပါတဲ့ ထုတ်ကုန်တွေဆိုရင် ဘေးထွက်ဆိုးကျိုးနည်းပြီး နေရာမရွေးသုံးရလည်းလွယ်ကူပါတယ်။

(၄) After shave သုံးပေးပါ

Source : Rocky Mountain Barber

မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ သုံးတဲ့ After shave သုံးပေးတာကလည်း အသားအရေကိုအစိုဓာတ်ပြည့်ဝစေပြီး နူးညံ့ချောမွေ့စေမှာပါ။ ဒါပေမယ့် အရက်ပြန်က အသားအရေကို ပိုမိုခြောက်သွေ့စေတဲ့အတွက် သင့်ရွေးချယ်လိုက်တဲ့ After shave မှာ အရက်ပြန်မပါဝင်တဲ့ ( Alcohol free) အမျိုးအစားမျိုးဖြစ်ဖို့ သတိထားပေးပါ။

(၅) နေရောင်ဒဏ်ကာခရမ်င်လိမ်းပေးပါ

Source : Stuff.co.nz

နေရောင်ကာဆေးမသုံးတဲ့ အမျိုးသားတွေက နေရောင်ခြည်ကြောင့်အသားအရေပျက်စီးနိုင်ခြေ ပိုများတာကြောင့် အပြင်ထွက်ခါနီးတိုင်းမှာ အသားအရေကို နေရောင်ဒဏ်ကာခရမ်င်လိမ်းပေးဖို့လိုအပ်ပါတယ်။ နေရောင်ခြည်က အသားအရေနီမြန်းတာ ယားယံတာတွေအပြင် အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာအထိတောင်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေ့တိုင်း နေရောင်ဒဏ်ကာခရမ်င်လိမ်းဆေးအသုံးခြင်းက သင့်ကိုပိုမိုနုပျိုတဲ့ ပုံပေါက်စေမှာပါ။ SPF အနည်းဆုံး (၃၀) ပါဝင်တဲ့ နေရောင်ဒဏ်ကာခရမ်င်ကိုရွေးပါ။