အခုထိတော့ ကိုဗစ်ကြီးရဲ့ လက်မည်းတွေအောက်ကနေ လွတ်မြောက်ဖို့ အိမ်ထဲမှာပဲ Stay at Home လုပ်နေပေမယ့် လူအများစုဟာ ဒီကပ်ဘေးကြီး ကျော်သွားလို့ ပုံမှန်အခြေအနေပြန်ရောက်သွားရင် ဒါတွေ လုပ်ဖို့ စီစဉ်နေကြမှာပါ။
(၁) Night Out

Photo: Freepik
အားလုံး Lock Down ချထားတာကြောင့် ဘားနဲ့ ကလပ်တွေ ပိတ်ထားရာကနေ ပြန်ဖွင့်လာပြီဆိုရင် အပြေးသွားမယ့်လူတွေ ရှိကြပါတယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းတဲ့နေရာဟာ ကလပ်တွေနဲ့ ဘီယာဆိုင်တွေ ဖြစ်ဖို့ များပါတယ်။
(၂) ခရီးသွားခြင်း

Photo: Freepik
အခုချိန် အိမ်ထဲမှာပဲ နေနေရပေမယ့် လူအများစုဟာ ကိုဗစ်ပြီးလို့ ပွင့်လင်းရာသီရဲ့ သာယာမှုတွေကို စိတ်ကူးထဲမှာ မြင်ယောင်နေဖို့ ရှိပါတယ်။ ခရီးသွားဝါသနာပါသူတွေအတွက် အခုနေခါမှာ ခရီးသွားချင်စိတ်ကို ထိန်းချုပ်ထားရတာဟာ ငရဲကျနေသလို ဖြစ်နေမှာပါ။ ဒီတော့ COVID-19 အလွန်မှာ ခရီးသွားကြသူတွေကို အစုလိုက်အပြုံလိုက်တောင် မြင်ရနိုင်ပါတယ်။
(၃) အားကစားတွေ

Photo: Freepik
ပရီးမီးယားလိဂ်လို ဘောပွဲတွေကို ပြောတာ မဟုတ်ပါဘူး။ အားကစားဝါသနာပါတဲ့ Gym သမားတွေ ၊ သူငယ်ချင်းတွေ စုပြီး ဖူဆယ်ကစားတတ်သူတွေလည်း ကွင်းတွေကို လွမ်းနေလို့ COVID အပြီးမှာ အားကစားခန်းမတွေဆီ ပြန်လာနိုင်ပါတယ်။
(၄) ပွဲတော်တွေ

Photo: Freepik
ပါတီနဲ့ ပွဲတော်တွေ အဆက်ပြတ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ကပ်ရောဂါကြီး ငြိမ်သွားရင်တော့ ပွဲလမ်းသဘင်တွေ ပြန်စည်ကားလာနိုင်ပါတယ်။ လူတွေလည်း ဘုရားသွား ၊ ကျောင်းတက်နဲ့ ပြန်ပြီး အသက်ဝင်လှုပ်ရှားလာဖို့ ရှိပါတယ်။ အခုချိန်မှာတော့ မိုးရာသီပြတင်းကနေ မိုးတိတ်ချိန် စောင့်နေကြတဲ့ လူတွေလို အားလုံးငြိမ်းချမ်းသွားမယ့်အချိန်ကို စောင့်ရဦးမှာပါ။
