မက်ဆီဟာ Forbes ကစာရင်းပြုစုထားတဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမားစာရင်းထဲမှာ နံပက် (၁) နေရာကို ရယူသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၂၆) သန်းအထိ ရရှိခဲ့ပြီး ရော်နယ်ဒို ဒေါ်လာ (၁၁၇) သန်းကို ကျော်ဖြတ်ကာ ရယူခဲ့ခြင်းဖြစ်ပါတယ်။
Source: Goal.com
ဘာစီလိုနာ ကြယ်ပွင့်ကစားသမားမက်စီဟာ ပြီးခဲ့တဲ့ လတွေတုန်းက အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောခဲ့တာကြောင့် ဘောလုံးပရိသတ်တွေ တော်တော်များများ အံ့ဩသင့်ခဲ့ရပါတယ်။ ဒါပေမယ့် စာချုပ်ပါလျှော်ကြေးကြောင့် (၂၀၂၀-၂၀၂၁) ဘောလုံးရာသီကိုတော့ ဘာစီလိုနာအသင်းမှာ ကစားမယ်လို့ ပြောကြားထားပါတယ်။
ဘာစီလိုနာကနေ မက်ဆီထွက်ခွာခဲ့ရင် ဥရောပအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ PSG နဲ့ အင်တာမီလန်တို့က ခေါ်ယူဖို့စောင့်ကြည့်ခဲ့ကြပေမယ့် မြင့်မားလှတဲ့ စာချုပ်ပါလျှော်ကြေးကို ပေးချေနိုင်စွမ်းမရှိတာကြောင့် လက်လျော့ခဲ့ရပါတယ်။
Source: Yahoo Sports
မက်ဆီဟာ ပြီးခဲ့တဲ့ (၁၂) လအတွင်းမှာ ဝင်ငွေ ဒေါ်လာ (၁၂၆) သန်းရရှိခဲ့တာကြောင့် ဝင်ငွေအမြင့်ဆုံး ဘောလုံးကစားသမားဖြစ်လာခဲ့တာပါ။ မက်ဆီရဲ့ ပြိုက်ဘက် ရော်နယ်ဒိုကတော့ ဂျူဗီတပ်အသင်းကနေ ဒေါ်လာ (၁၁၇) သန်း ရရှိခဲ့ပြီး ဒုတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။ PSG အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ နဲ့ ဘာပေး တို့ကတော့ တတိယနဲ့စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။
Source: Goal
ပရီးမီးယားလိဂ် ချန်ပီယံ လီးဗာပူးလ်အသင်းမှ တိုက်စစ်မှူး ဆာလာ့ကတော့ အဆင့် (၅) နေရာမှာရပ်တည်နိုင်ခဲ့ပြီး မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဘာ ကတော့ အဆင့် (၆) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
Forbes ကစာရင်းပြုစုထားတဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမား (၁၀) ဦးစာရင်း
- Lionel Messi – $126m (£98m)
- Cristiano Ronaldo – $117m (£91m)
- Neymar – $96m (£74.7m)
- Kylian Mbappe – $42m (£32.6m)
- Mohamed Salah – $37m (£28.8m)
- Paul Pogba – $34m (£26.5m)
- Antoine Griezmann – $33m (£25.7m)
- Gareth Bale – $29m (£22.6m)
- Robert Lewandowski – $28m (£21.8m)
- David De Gea – $27m (£21m)