ကိုယ်နဲ့ ထိတွေ့ကျင်လည်နေတဲ့ လူတွေထဲမှာ ဇီဇာကြောင်ပြီး ပေါင်းရသင်းရခက်တဲ့သူတွေလည်း ရှိမှာပါ။ ဒီလိုလူတွေကို ကြည့်မယ်ဆိုရင်တော့ အခုပြောမယ့် အချက်တွေ တွေ့ရပါလိမ့်မယ်။
(၁) စိတ်ဆိုးလွယ်တယ်

Photo: Freepik
ဘာရယ်မဟုတ်တဲ့ ကိစ္စကြောင့် တရှုးရှုးတရှဲရှဲ ထလုပ်တတ်သူမျိုးပါ။ ဒီလိုလူတွေနဲ့ ပေါင်းရတဲ့သူတွေလည်း ပြဿနာမဖြစ်ချင်လို့ အတင်း ဖြစ်ညှစ်ပြီး အလျှော့ပေးပေါင်းရတာမျိုး ဖြစ်တတ်ပါတယ်။
(၂) ကွန်ပလိန်း ခဏခဏတက်တယ်

Photo: Freepik
တော်ရုံစောဒဂတက်တာမျိုး မဟုတ်ပါဘူး။ တစ်ခုခု မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ ကွန်ပလိန်းက စလာပြီးသား။ စကားဝိုင်းတစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့သူမျိုး ဖြစ်ပါတယ်။
(၃) အမြဲစိတ်ပျက်တဲ့ အမူအရာပြတယ်

Photo: Freepik
ကြည့်လိုက်ရင် မျက်မှောင်ကြီး ရှုံ့ပြီး တလောကလုံးကို စိတ်ကုန်နေတဲ့ အထာနဲ့ နေတတ်တယ်။ တစ်ခြားသူတွေနဲ့ လိုက်လျောညီထွေ နေမယ့်အစား သူ့ဆန္ဒအတိုင်းပဲ အားလုံး နေထိုင်စေချင်တဲ့ပုံစံမျိုး ချိုးတတ်သူပါ။
(၄) စကားနိုင်လုပြောတတ်တယ်

Photo: Freepik
တစ်ခုခု ဆိုရင် ကိုယ်ပဲ မှန်တယ်ဆိုတဲ့အမြင်နဲ့ နေပြီး တစ်ခြားသူဘက်က မကြည့်တတ်တာမျိုးကို ပေါင်းရသင်းရခက်သူတွေဆီမှာ တွေ့ရတတ်ပါတယ်။ အနည်းဆုံးတော့ စကားဝိုင်းတစ်ခုမှာ အမြင်မတူတာများ ရှိလာရင် ဘယ်တော့မှ လျှော့မပေးဘဲ ကိုယ့်အမြင်နဲ့ တင်းခံနေတတ်သူမျိုး ဖြစ်ပါတယ်။
