ကျွန်တော်တို့အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ ကြောက်ကြတာပါပဲ။ COVID-19 ကူးစက်မခံရအောင် အကြမ်းဖျဉ်းအားဖြင့် လိုက်နာရမှာက လူစုလူဝေးတွေ ရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အမြင့်ဆုံး နေရာတစ်ချို့ကတော့-

(၁) ဘားနဲ့ စားသောက်ဆိုင်တွေ

Photo: Freepik

ဒီအချိန်မှာ လုံးဝမသွားမိအောင် ရှောင်ရမယ့် နေရာထဲမှာ ဘားတွေနဲ့ စားသောက်ဆိုင်တွေက ထိပ်ဆုံးကပါပါတယ်။ ဘားတွေနဲ့ စားသောက်ဆိုင်ဆိုတာ လူပေါင်းများစွာ လာစုတဲ့ နေရာ ဖြစ်ပါတယ်။ ဘားလို နေရာမျိုးဟာ စကားကို အော်ကြီးဟစ်ကျယ်ပြောရတာ ဖြစ်လို့ သာမန် လူချင်းစကားပြောတာထက် ဆယ်ဆအထိ ပိုပြီး ကူးစက်မှုနှုန်း မြင့်ပါတယ်။

(၂) ဘာသာရေးနဲ့ ဆိုင်တဲ့ နေရာတွေ

Photo: relevantmagazine

ဘုရားကျောင်းနဲ့ ဝတ်ပြုပွဲနေရာမျိုးတွေဟာ လူပေါင်းစုံ လာရောက်တဲ့ နေရာ ဖြစ်လို့ ကိုဗစ်ကူးစက်ဖို့ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။ ဒီလိုနေရာတွေမှာ ဘာသာရေးထုံးစံအစီအစဉ်တွေအတိုင်း ရှုပ်ထွေးကြာမြင့်တဲ့ လုပ်ငန်းဆောင်တာတွေလည်း လုပ်ရတာ ဖြစ်လို့ ကူးစက်ခံရမှုဟာ ၁၀ မှာ ၉ ပါပဲ။

(၃) Gyms များ

Photo: Freepik

Gym နဲ့ Fitness Center တွေကလည်း ကူးစက်မှုအများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေထဲမှာ ပါပါတယ်။ အလုံပိတ်အခန်းထဲမှာ လူတွေ စုပေါင်းပြီး အားကစားလုပ်ချိန်မှာ Mask တပ်ဖို့နဲ့ Social Distancing လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

(၄) Show ပွဲတွေ

Photo: Freepik

ရုပ်ရှင်ရုံတွေ ၊ Show ပွဲတွေနဲ့ လူတရုန်းရုန်း သွားတတ်လာတတ်တဲ့ ဘယ်နေရာမဆို ကူးစက်ရောဂါအတွက် အန္တရာယ်အမြင့်ဆုံး နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် လူစုလူဝေးရှောင်ပါ။ တတ်နိုင်သမျှ အိမ်မှာပဲ နေပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပါလို့ အကြံပြုလိုက်ပါတယ်။