တကယ်တော့ ဘဝကရိုးရှင်းလေ ပျော်စရာကောင်းလေပါပဲ။ များသောအားဖြင့်တော့ လူတွေဟာ သူတို့ဘဝထဲကရိုးရှင်းပြီးသေးငယ်တဲ့လုပ်ဆောင်မှုလေးတွေကို ပေါ့ပေါ့တန်တန်ပဲသဘောထားမိကြပါတယ်။ သိရုံမျှသာသိကြပြီး တန်ဖိုးထားအသိအမှတ်ပြုဖို့ရာတော့မေ့နေတတ်ကြပါဘူး။ ဒါကြောင့် အခုသင့်ဘဝထဲမှာရှိနေတဲ့ ပျော်ရွှင်မှုသေးသေးလေးတွေကို သတိထားမိအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

Source : Fortune
(၁) နေဝင်နေထွက်ချိန်ကို စောင့်ကြည့်ပါ။
(၂) ကြယ်တွေကိုငေးရင်း ဘဝအကြောင်းတွေးပါ။
(၃) သင့်ဝမ်းဗိုက်ကြွက်သားတွေနာလာတဲ့အထိ ရယ်မောပါ။
(၄) သင့်အိပ်ယာထဲမှာပဲ မနက်စာစားပါ။ (အမေဆူရင်တော့ မသိဘူးနော်)
(၅) အရသာအသစ်အဆန်းတခုကို စမ်းစားကြည့်ပါ။
(၆) သူငယ်ချင်းတွေနဲ့အတူတူ ပျော်စရာကောင်းတဲ့အရာလေးတွေလုပ်ဆောင်ကြည့်ပါ။

Source : Freepik
(၇) အမှတ်မထင် စာအုပ်ကြားထဲမှာညှပ်ထားမိတဲ့ ပိုက်ဆံတွေပြန်ရှာတွေ့နိုင်တာကြောင့် စာအုပ်တွေကိုရှာဖွေကြည့်ပါ။
(၈) အချိုစားပါ။ (ချောကလက် ၊ ဒိန်ချဉ် )
(၉) သူငယ်ချင်းတွေနဲ့အတူတူ တညလုံးရုပ်ရှင်ကြည့်ပါ။
(၁၀) လေ့ကျင့်ခန်းလုပ်ပြီး လုံးဝမောနေတဲ့အချိန်ကလဲ ပျော်ရွှင်မှုပဲနော်။
(၁၁) နှစ်ပေါက်အောင်ပျောက်နေတဲ့ပစ္စည်းတခု ပြန်ရှာတွေ့တာ။
(၁၂) တယောက်ယောက်ကို ရယ်အောင်လုပ်ပေးပါ။

Source : 123RF.com
(၁၃) မိုးရွာနေတဲ့အချိန် ပြတင်းပေါက်ဘေးမှာ ထိုင်ရတာ။
(၁၄) အချို့သော နောက်ပြန်ဆုတ်လိုက်ရတဲ့အချိန်ဟာ အရေးကြီးတယ်ဆိုတာကို နားလည်လာတာ။
(၁၅) သင်ကြိုက်တဲ့ ရေမွှေးရနံ့တခုကို ရှူကြည့်လိုက်တဲ့အခါ။
(၁၆) လူတွေဟာ ကိုယ်အကြိုက်ဆုံးသီချင်းကို နားထောင်တဲ့အခါမှာလည်း ပျော်ရွှင်တတ်ကြပါတယ်နော်။
