Self-Confidence ကောင်းခြင်းဟာ စိတ်အရည်အသွေးဖြစ်လို့ ထုတ်ကုန်ပစ္စည်းတစ်ခုလို ဝယ်ယူလို့ မရပါဘူး။ ကိုယ်တိုင်ပဲ လုပ်ယူနေရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတက်ချင်တယ်ဆိုရင် အခုအကြံပေးမယ့်နည်းလမ်းလေးတွေ စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ကိုယ့်ရဲ့ အားသာချက်တွေ နားလည်ပါ

Photo: Freepik

Confidence ကောင်းဖို့ အရေးကြီးဆုံးအရာက ကိုယ့်ရဲ့ ခွန်အားကို ကိုယ်တိုင်သိနေဖို့ပါပဲ။ ဘယ်သူမှတော့ ဘက်ပေါင်းစုံမှာ ချွန်နေ မွန်နေတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်ဆိုတဲ့လူလည်း အကုန်လုံးသိနေတတ်နေလို့ မဟုတ်ပါဘူး။ သူ့ရဲ့ ထူးခြားတဲ့ အားသာချက်ကို သူကိုယ်တိုင် ရဲရဲရင့်ရင့် အသုံးချသွားတာပဲ ဖြစ်ပါတယ်။

(၂) မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ ရပ်ပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် လက်ခံပါ။ တစ်ခြားသူတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်တာ ၊ သိမ်ငယ်တာလောက် အောက်ကျနောက်ကျ ဖြစ်တာ မရှိပါဘူး။ ဒါဟာ ကိုယ့်ရဲ့ Self-Confidence ပါ ပျက်စီးစေနိုင်ပါတယ်။

(၃) အသစ်တွေ လုပ်ကြည့်ပါ

Photo: Freepik

ကိုယ်မလုပ်ရဲလို့ ပစ်ထားခဲ့တဲ့ အရာတွေ ရှိရင် ပြန်ကောက်လုပ်လိုက်ပါ။ ရှေ့တစ်လှမ်းတိုးရမှာ စိုးလို့ နောက်ဆုတ်ခဲ့တာ ရှိရင် ပြန်တိုးလိုက်ပါ။ ကိုယ်ကြောက်တဲ့ အရာတွေကို စိန်ခေါ်ပြီး တကယ်ဖြစ်အောင် လုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ပိုကိုးစားယုံကြည်လာစေနိုင်ပါတယ်။

(၄) သွားတဲ့သူ ရောက်မှာပဲလို့ လက်ခံပါ

Photo: Freepik

အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရအောင် ကြိုးစားနေတယ်ဆိုရင် မပူပါနဲ့။ မကြာခင် သင်ဟာ Self-Confidence အားကောင်းလာမှာပါ။ ကြိုးစားနေတဲ့သူဟာ အောင်မြင်မှုလမ်းထက် ရောက်နေတာပါပဲ။ အမှားတွေ လုပ်မိခဲ့ပြီး အဲ့အမှားတွေကို ပြန််ပြင်ရင်း တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်နေသူဟာ သူ့ကိုယ်သူ ငါပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ပြင်းထန်ခိုင်မာလာမှာ အမှန်ပါပဲ။