တစ်ချို့လူတွေဟာ ပိုက်ဆံကို သုံးဖြုန်းတတ်ကြပြီး အချိန်နဲ့အမျှ လက်ထဲမှာ ငွေပြတ်နေတက်ကြပါတယ်။ အကယ်၍ ပိုက်ဆံများများစုချင်တယ်ဆိုရင် စည်းကမ်းလေးတွေ ချမှတ်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ပမဏ မဟုတ်ရင်တောင် လက်ထဲမှာ ငွေမပြတ်ဘဲ နေထိုင်နိုင်မှာပါ။ ဒီနေ့ kwee page ကပိုက်ဆံစုချင်တဲ့လူတွေ ရှောင်ရှားသင့်တဲ့ အရာလေးတွေကို ဖော်ပြပေးသွားမှာပါ။

ဈေးကြီးတဲ့ ခရီးစဉ်တွေမဝယ်ပါနဲ့

Source: Travel + Leisure

ဟုတ်ပါတယ်။ ဈေးကြီးတဲ့ခရီးစဉ်တွေ မဝယ်ပါနဲ့။ အကယ်၍ ခရီးသွားခဲ့မယ်ဆိုရင်တောင် ဈေးကြီးတဲ့ ဟိုတယ်တွေအစား တန်ဖိုးအသင့်အတင့်ရှိပြီး လုံခြုံမှုရှိတဲ့ တည်းခိုခန်းတွေ အိမ်တွေမှာ တည်းတာက ငွေကုန်ကြေးကျ သက်သာစေပါတယ်။ ခရီးသွားတယ်ဆိုတာ အဓိကက အတွေ့အကြုံရချင်တာရယ်၊ သဘာဝရှုခင်းလေးတွေကြည့်ချင်တာရယ် မသွားဖူးတဲ့ နေရာတွေသွားချင်တာရယ်ကြောင့် ဖြစ်ပါတယ်။ ခရီးသွားတိုင်း ဈေးကြီးတဲ့ဟိုတယ်တွေ တည်းမယ်ဆိုရင် သေချာပါတယ် လက်ထဲပိုက်ဆံ ပြတ်လပ်သွားမှာပါ။

လျှော့ဈေးတွေ့တိုင်း ပစ္စည်းတွေမဝယ်ပါနဲ့

Source: Bright Side

ဒီလိုပြောလို့ လျှော့ဈေးပေးနေတဲ့ ပစ္စည်းတွေမဝယ်ရဘူးလို့ ဆိုတာမဟုတ်ပါဘူး။ မိမိ အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတွေဆိုရင်တော့ ဝယ်ရပါမယ်။ တစ်ချို့တွေက လျှော့ဈေးဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်းလာ မလိုအပ်တဲ့ပစ္စည်းလားဆိုတာ စဉ်းစားမနေတော့ဘဲ ဝယ်ထားတက်ကြပါတယ်။ နောက်ဆုံးတော့ တကယ်မလိုအပ်တဲ့ ပစ္စည်းအပေါ် ပိုက်ဆံ သုံးလိုက်ရတာပဲ အဖက်တင်ကျန်ခဲ့ပါတယ်။

တစ်ခါသုံးပစ္စည်းတွေ အသုံးများခြင်းကိုရှောင်ပါ

Source: First Trading Company

တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့် ပစ္စည်းတွေ အများကြီး ဝယ်သုံးခြင်းက အဓိပ္ပာယ်မရှိပါဘူး။ ဆိုလိုတာက လိုအပ်တဲ့အခါမှာ သုံးရပါမယ်။ ဒါပေမယ့် အိမ်မှာနေတဲ့အခါမှာ တစ်ခါသုံးတူတွေ တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့် လက်အိတ်တွေ ဝယ်မသုံးဖို့ အကြံပေးချင်ပါတယ်။ ဒါတွေက ငွေကုန်ကြေးကျများသလို သဘာဝပတ်ဝန်းကျင်အတွက်လည်း ထိခိုက်စေပါတယ်။ ပြန်လည်ဆေးကြောသန့်စင်ပြီး ထပ်ခါထပ်ခါ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို များများသုံးပေးပါ။ ဒါဟာ ပိုက်ဆံချွေတာခြင်း တစ်မျိုးပါပဲ။

နောက်ဆုံးပေါ် နည်းပညာတွေနောက်ကို မလိုက်ပါနဲ့

Source: The New York Times

တစ်ချို့လူတွေရှိပါတယ်။ ကိုယ့်ဆီမှာ ငွေအလုံအလောက်လည်း မရှိဘူး။ မိမိလက်ရှိကိုင်နေတဲ့ ဖုန်းကလည်း သုံးရတာအဆင်ပြေသေးတယ်။ ဒါပေမယ့် Iphone အသစ်တစ်မျိုးထွက်လာတိုင်း ဝယ်ကိုင်တက်ကြပါတယ်။ တစ်ချို့တွေဆိုရင် အရစ်ကျနဲ့ နှစ်ရှည်လများ ငွေပေးချေပြီး ဝယ်တက်ကြတယ်။ ဒီလိုလုပ်ခြင်းက ဖုန်းတစ်လုံးရဲ့ ပုံမှန်ဈေးထက် ပိုပြီးပေးရပါတယ်။ ဘာလို့လဲဆိုတော့ အတိုးပါ ပေါင်းရလို့ပါ။ မိမိဆီမှာ အပိုငွေလည်း မရှိဘူး။ လိုလည်း မလိုအပ်သေးဘူးဆိုရင် နောက်ဆုံးပေါ် နည်းပညာတွေနောက် မလိုက်တာ အကောင်းဆုံးပါ။