ခွေးဆိုတဲ့ သတ္တဝါတွေဟာ လူတွေရဲ့ အဖော်ကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်း တွေလို့ပြောရင် မမှားပါဘူး။ သူတို့ဟာ သစ္စာလည်းရှိကြသလို သူတို့ရဲ့ သခင်တွေအပေါ်မှာလည်း အရမ်းကောင်းကြတယ်။ သခင်တွေ ဝမ်းနည်းနေရင် သူတို့တွေနားလည်နိူင်သလို ပျော်ရွှင်နေရင်လည်း သိကြပါတယ်။ ဒီနေ့ kwee page က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဆိုတဲ့ ခွေးမျိုးစိတ်တွေအကြောင်းကို ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Samoyed (ကန်ဒေါ်လာ ၄၀၀၀ – ၁၁, ၀၀၀)

Source: American Kennel Club

Samoyed (ဆာမိုယက်) လို့အမည်ရတဲ့ ဒီခွေးမျိုးစိတ်ဟာ ဆိုက်ဘေးရီးယား မျိုးရင်းဖြစ်ပါတယ်။ အမြဲလိုလို အပြုံးပန်း ဆင်နေလေ့ရှိပြီး နူးညံ့တဲ့ အဖြူရောင် အမွှေးလေးတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီခွေးမျိုးစိတ်ရဲ့ သက်တမ်းဟာ (၁၂-၁၄) နှစ်အထိ ရှိပါတယ်။ အနှိမ့်ဆုံး ကန်ဒေါ်လာ (၄၀၀၀) အထိရှိပြီး တကယ့် မျိုးကောင်းလေးတွေဆိုရင်တော့ ကန်ဒေါ်လာ (၁၁, ၀၀၀) အထိဈေးပေါက်ပါတယ်။

Lowchens (ကန်ဒေါ်လာ ၄၈၀၀ – ၁၀, ၀၀၀)

Source: American Kennel Club

Lowchens (လိုးချန်းစ်) လိုခေါ်တဲ့ ဒီခွေးမျိုးစိတ်တွေကို အများက ခွေးခြင်္သေ့ငယ် အဖြစ်သိကြပါတယ်။ ဥရောပ မျိုးရင်းဖြစ်ပြီး အများစုကိုတော့ ပြင်သစ်နိုင်ငံမှာ တွေ့မြင်နိုင်ပါတယ်။ ဒီခွေးမျိုးစိတ်ဟာ ရှားပါးပါတယ်။ (၁၉၇၃) ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ခွေးကောင်ရေ (၆၅) ကောင်အထိရှိခဲ့ပေမယ့် ယနေ့မှာတော့ တဖြည်းဖြည်းလျှော့ကျလာတယ်လို့ သိရပါတယ်။ ရှားပါးလွန်းတာကောင် တစ်ကောင်ကို ကန်ဒေါ်လာ ၁ သောင်းအထိ ဈေးပေါက်ပါတယ်။

Chow Chow (ကန်ဒေါ်လာ ၉၀၀ – ၈၅၀၀)

Source: Wikipedia

ဒီခွေးမျိုးစိတ်ကတော့ တရုတ်မျိုးရင်းဖြစ်ပြီး လူတွေအတွက် အဖော်ကောင်း အဖြစ်ရှိနေပေးတက်ပါတယ်။ ချစ်စရာလည်း အင်မတန်ကောင်းပါတယ်။ တရုတ်မျိုးရင်းဖြစ်တဲ့ ဒီခွေးမျိုးစိတ်ကို ဝယ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ကန်ဒေါ်လာ (၉၀၀) ကနေ အများဆုံး (၈၅၀၀) အထိအသုံးပြုရပါမယ်။

Tibetan Mastiff (ကန်ဒေါ်လာ ၂၅၀၀ – ၇၀၀၀)

Source: Reddit

ဒီခွေးမျိုးစိတ်တွေကို ရှေးခေတ်တွေတုန်းက တရုတ်၊ နီပေါနဲ့ တိဗတ် တို့မှာ သိုးတွေကို မြေခွေးနဲ့ ဝံပုလွေတွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ အသုံးပြုခဲ့ကြပါတယ်။ ဒီခွေးမျိုးစိတ်ဟာ အရပ်အမြင့်အနေနဲ့ (၃၃) လက်မအထိ ရှိသွားနိုင်ပြီး အလေးချိန် ပေါင် (၁၆၀) ခန့်အထိ ရှိနိုင်ပါတယ်။ တစ်ကောင်ကို အနည်းဆုံး ကန်ဒေါ်လာ (၂၅၀၀) အထိဈေးပေါက်ပါတယ်။ (၂၀၁၄) ခုနှစ်တုန်းက တရုတ်နိူင်ငံမှာ ဒီလိုခွေးမျိုးစိတ်တစ်ကောင်ကို ကန်ဒေါ်လာ (၂) သန်းဖြင့် ရောင်းချခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ခွေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။