Bucket List ဆိုတာ သင့်ရဲ့ဘဝမှာ မသေခင်မှာလုပ်ချင်တဲ့အရာတွေကို စာရင်းရေးထားပြီး စာရင်းအတိုင်းအကောင်အထည်ဖော်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီအရာတွေက တခြားသူတွေသတ်မှတ်ပေးထားတဲ့အတိုင်း လိုက်လုပ်တာမဟုတ်ဘဲ သင့်ရင်ထဲက အကောင်အထည်ဖော်ချင်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ အခုပြောပြပေးမှာက Bucket List ထားတာက လူတယောက်ကို ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတာဖြစ်ပါတယ်။
(၁) ကိုယ်တကယ်လိုချင်တဲ့အရာတွေကိုပဲ လုပ်ဆောင်ဖို့သတိပြုမိစေတယ်

Source : Vix.com
လူတော်တော်များများက ဘဝမှာဘာတွေလိုချင်လဲဆိုတာနဲ့ပတ်သတ်ပြီး စိတ်ကူးမရှိဘဲ တဘဝလုံးနေထိုင် သွားတတ်ကြပါတယ်။ လူအဖွဲ့အစည်းရဲ့သတ်မှတ်ချက်အတိုင်း အရွယ်ရောက်ရင် အလုပ်ဝင်၊ အိမ်ထောင်ပြု ၊ ကလေးမွေးမယ်ဆိုတဲ့အတိုင်း လိုက်နာသင့်တယ်လို့ပဲ ထင်ကြပါတယ်။ တကယ်လို့ သင့်မှာ Bucket List ရှိလာ တဲ့အခါ ဘဝကိုသင်အမှန်တကယ်နေထိုင်လိုတဲ့အတိုင်းဖြစ်နေရဲ့လားဆိုတာ ဆန်းစစ်မိလာစေမှာပါ။
(၂) ဘဝအပေါ် ပိုစိတ်လှုပ်ရှားပျော်ရွှင်တတ်လာတယ်

Source : Haus Maids
သင်ဟာ တနေ့တနေ့လုပ်စရာရှိတာတွေလုပ်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်ဆိုရင် သင့်ဘဝကပျော်စရာ ကောင်းမှာမဟုတ်ပါဘူး။ Bucket List တခုက သင့်တနေ့တာမှာ အားလပ်ချိန် ၁နာရီရစေဖို့ အကြောင်းပြချက် တခုဖြစ်လာစေပါတယ်။ ဒီ ၁နာရီအတွင်းမှာ သင့်ဘဝရှေ့ရေးအတွက်ဘာတွေလုပ်ချင်လဲ စီစဉ်ရင်း စိတ်လှုပ် လျားမှု၊ စိတ်အားထက်သန်မှုကို ဖန်တီးပေးနိုင်ပါတယ်။
(၃) ပိုအာရုံစူးစိုက်မှု ရှိလာစေတယ်

Source : BrainMD
Bucket List တခုက သင်လုပ်ချင်တဲ့အရာတွေကို ပိုအာရုံစိုက်မိလာစေတဲ့အတွက် ဆိုရှယ်မီဒီယာတွေရဲ့ဆွဲဆောင်မှုကိုခံရတာ၊ ရည်မှန်းချက်နဲ့မကိုက်ညီတာမျိုးတွေကိုမဖြစ်အောင် ကူညီပေးပါတယ်။ တိကျရှင်းလင်းတဲ့ အာရုံစိုက်မှုရှိလာတဲ့အခါ အခွင့်အလမ်းတွေကိုလဲပိုမြင်လာပါတယ်။
(၄) စိတ်ခွန်အားရစေတယ်

Source : The Other Press
စိတ်ခွန်အားတက်ကြွမှုဆိုတာ အိမ်မက်တွေအမှန်တကယ်ဖြစ်လာဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့စိတ်ခွန်အားရဖို့ဆိုတာ ကိုယ်အမှန်တကယ်ဘာလိုချင်လဲ သိဖို့လိုပါတယ်။ Bucket List တခုထားတာက ဒီအရာတွေကို သင့်ဘာကြောင့်လိုချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာစေပြီး ရည်မှန်းချက်တွေကို အမှန်တကယ်လုပ်ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။
(၅) Comfort Zone ကထွက်နိုင်ဖို့ ကူညီတယ်

Source : Cover-More Travel Insurance
လုံခြုံတဲ့နေရာအဆုံးမှာ ဘဝစတယ်လို့အဆိုရှိပါတယ်။ Comfort Zone က စိတ်ဖိစီးမှုတွေနဲ့ အန္တရယ်တွေကို လျော့နည်းစေပြီး သင့်ကိုလုံခြုံမှုပေးတဲ့အတွက် ဒီနေရာကထွက်ဖို့ခက်ခဲနိုင်ပါတယ်။ Bucket List တခုက သင့်ကို Comfort Zone ကထွက်ပြီး အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကမ္ဘာပတ်ပြီးခရီးတွေသွားဖို့ မစားဖူးသေးတဲ့ အစားအသောက်အသစ်အဆန်းတွေ အတွေ့အကြုံအသစ်တွေရဖို့ ခြေလှမ်းအစပဲဖြစ်ပါတယ်။
