စာဖတ်သူတို့ဘဝမှာ လူတစ်ယောက်ကိုနက်နက်ရှိုင်းရှိုင်းချစ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာဆိုတာအရမ်းကို အံ့သြဖွယ်ကောင်းပြီး ထူးခြားဆန်းကြယ်တဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ သင့်အနေနဲ့ လူတစ်ယောက်အပေါ်ကို တကယ်ပဲ နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီဆိုရင် တစ်ခါတစ်လေမှာ သင်ကိုယ်တိုင်တောင်သတိမထားမိလိုက်တဲ့အရာတွေ သင့်ဘဝထဲမှာဖြစ်လာတက်ပါတယ်။ ဘယ်လိုအရာတွေလဲဆိုတာ လေ့လာကြည့်လိုက်ပါအုန်း။

(၁) အချိန်တွေကုန်မှန်းမသိအောင် သူမကိုထိုင်ကြည့်နေမိမယ်

Source : Vix.com

စိတ်ပညာရှင် Marc Hekster ကတော့ သင့်အနေနဲ့ လူတစ်ယောက်ကို အချိန်တွေကုန်မှန်းမသိအောင် သတိလက်လွတ်ထိုင်ကြည့်နေမိတယ်ဆိုရင် ဒါဟာနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတပဲလို့ ဆိုပါတယ်။ ဟုတ်ပါတယ် တခါတစ်လေမှာ ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လှုပ်ရှားမှု ဟန်ပန်အမူအရာလေးတွေ အပြုံးလေးတွေအောက်မှာ အချိန်ကြာကြီးမျောနေမိတက်ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုးခံစားရပြီ ဆိုရင်တော့ သူမကိုသင်တကယ်ပဲ နက်နက်ရှိုင်းရှိုင်းချစ်နေမိပြီဆိုတာသေချာပါပြီ။

(၂) သူမနဲ့ ပိုပြီးနီးစပ်စေတဲ့အရာတွေကို လုပ်ဆောင်နေမိမယ်

Source : Textbest

လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့ အချိန်တိုင်းမဟုတ်ရင်တောင် အချိန်တော်တော်များများကိုအတူတူနီးနီးကပ်ကပ်ရှိချင်ကြတာသဘာဝပါပဲ။ ဥပမာအနေနဲ့ပြောရရင် သင်မကြိုက်တဲ့စားသောက်ဆိုင်တစ်ခုကို သင်ချစ်တဲ့မိန်းကလေးက ထိုင်ချင်တယ်ဆိုရင်တောင် သင်လိုက်ထိုင်မိမယ် သူမနဲ့အချိန်တော်တော်များများအတူတူရှိချင်တဲ့အတွက် သင်အမှန်တကယ်စိတ်ဝင်စားမှုမရှိတဲ့ သင်တန်းတစ်ခုကို သူမနဲ့အတူတူလိုက်တက်နေမိမယ်ဆိုရင် သေချာပါတယ် အဲ့ဒီမိန်းကလေးအပေါ် သင်တကယ်ပဲ နက်နက်ရှိုင်းရှိုင်းချစ်နေမိလို့ပါ။

(၃) သူမနဲ့အတူတူရှိတဲ့အခါ အချိန်ကုန်တာမြန်နေတယ်လို့ ခံစားနေရမယ်

Source : Earth.com

ငယ်ငယ်ကကျောင်းမှာ ကိုယ်သိပ်မကြိုက်တဲ့ဘာသာရပ်သင်တဲ့အချိန်ဆို တစ်နာရီ အချိန်ကုန်ဖို့ဆိုတာ တော်တော်ကြီးကြာတယ်လို့ စာဖတ်သူတို့ခံစားခဲ့ဖူးမယ်ထင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ဘာသာအချိန်ဆို အချိန်ကုန်တာမြန်နေတက်ပါတယ်။ ဒီလိုပါပဲ လူတိုင်းလူတိုင်း ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုလုပ်နေရတဲ့အချိန် ကိုယ်နှစ်သက်တဲ့လူတစ်ယောက်နဲ့အတူတူရှိနေတဲ့အချိန်တွေမှာ အချိန်ကုန်တာအရမ်းကိုမြန်တယ်လို့ခံစားရတက်ပါတယ်။ သင်ချစ်တဲ့မိန်းကလေးနဲ့အတူတူရှိနေတဲ့အချိန်မှာ ဖြစ်နိုင်ရင်အချိန်တွေကိုရပ်တန့်ထားချင်တယ်လို့ ခံစားနေရတယ်ဆိုရင်တော့ ဒါဟာနက်ရှိုင်းရဲ့အချစ်ရဲ့လက္ခဏာရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။

(၄) သူမကိုပျော်ရွှင်မှုတွေပဲပေးနိုင်အောင်ကြံဆောင်နေမိမယ်

Source : Reddit

လူတစ်ယောက်ကိုတကယ်ပဲချစ်မိသွားပြီဆိုရင် အဲ့ဒီလူပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြမှာအသေချာပါပဲ။ ဘာကြောင့်လဲဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ စိတ်ချင်းဆက်နွယ်နေလို့ပါ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်စိတ်ဆင်းရဲနေရင် ကိုယ်တိုင်လည်း စိတ်ဆင်းရဲခြင်းတွေကိုထပ်တူခံစားနေမိမှာဖြစ်သလို ကိုယ်ချစ်တဲ့သူကပျော်ရွှင်နေရင် ကိုယ်တိုင်းလည်းစိတ်ချမ်းသာနေရလို့ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သင့်ချစ်တဲ့ မိန်းကလေးကိုအမြဲလိုလိုပျော်ရွှင်အောင်ထားမယ် သူမစိတ်ဆင်းရဲစေမယ့်အရာတွေကိုအလိုလိုရှောင်နေမိမယ် သူမစိတ်ချမ်းသာဖို့ကိုပဲအချိန်ပြည့်ထည့်စဉ်းစားပေးနေမိတယ်ဆိုရင် သူမကိုတကယ်ပဲ နက်နက်ရှိုင်းရှိုင်းချစ်နေလို့ဖြစ်ပါတယ်။