အိပ်မပျော်တဲ့ရက်တွေများနေပြီလား။ ညဘက်တွေမှာကောင်းစွာမအိပ်ရလို့ နောက်တနေ့မှာ ပင်ပန်းနွမ်းနယ်ခြင်းတွေ စိတ်ဖိစီးမှုတွေနဲ့ ခေါင်းကိုက်ဝေဒနာတွေခံစားနေရပြီလား။ တချို့အလေ့အကျင့်တွေက သင့်ရဲ့အိပ်စက်ခြင်းကိုကောင်းစွာအနှောက်ယှက်ပေးနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်စေတဲ့ ပြဿနာတွေဖြစ်စေတက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတွေကိုကောင်းစွာအိပ်မပျော်နိုင်အောင် ဒုက္ခပေးနေတဲ့ အရာတွေကိုသတိထားနိုင်ဖို့ ပြောပြပေးချင်ပါတယ်။၏

(၁) နည်းပညာပစ္စည်းများ

Source : Australian Christian Lobb

စမတ်ဖုန်း လက်တော့ ကဲ့သို့ နည်းပညာပစ္စည်းတွေဟာ အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတဲ့ ရောင်ခြည်လှိုင်းတွေကိုထုတ်လွင့်ပေးတာကြောင့် ညအချိန်မှာ နည်းပစ္စည်းတွေ အသုံးများမယ်ဆိုရင် သင့်ကိုအိပ်ပျော်ရခက်ခဲနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါနည်းပညာပစ္စည်းတွေကို မအိပ်ခင်အနည်းဆုံး (၂) နာရီလောက်ထဲက ပိတ်ထားလိုက်ဖို့အကြံပြုချင်ပါတယ်။

(၂) အတွေးများ

Source : Shutterstock

အိပ်ရာထဲရောက်တာနဲ့ ခေါင်းထဲကိုအတွေးတွေတန်းစီပြီးဝင်ရောက်လာတက်ပါတယ်။ အတွေးတွေကနေတဆင့် စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ်တွေဖြစ်လာပြီး သင့်ရဲ့အိပ်စက်ခြင်းကိုကောင်းကောင်းအနှောက်ယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထဲရောက်ပြီဆိုတာနဲ့ အလုပ်တွေ ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့အတွေးတွေအားလုံးကိုလွတ်ချပြီး စိတ်အေးလက်အေး အနားယူသင့်ပါတယ်။

(၃) သောက်စရာများ

Source : Medical News Today

Green Tea ၊ နွားနို့ ကဲ့သို့သောက်စရာဖျော်ရည်တွေဟာ သင့်ကိုကောင်းစွာအိပ်ပျော်စေဖို့ အကူညီပေးနိုင်ပေမယ့် တချို့သောသောက်စရာတွေကတော့သင့်ရဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းအနှောက်ယှက်ပေးနိုင်ပါတယ်။ ဥပမာ ကဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာတွေ ကော်ဖီ နှင့် အရက်ဘီယာ တွေဟာ သင့်ရဲ့ဦးနှောက်ကို နိုးကြားတက်ကြွနေစေမှာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်အောင်တားဆီးနေမှာဖြစ်ပါတယ်။

(၄) အိပ်ရာအခင်းအကျင်း

Northwell Health

သင်အိပ်စက်မယ့် အိပ်ရာအခင်းအကျင်းကလည်း သင့်ရဲ့အိပ်စက်ခြင်းအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ အနံ့အသက်ဆိုးတွေနဲ့ ရှုပ်ပွနေတဲ့ အိပ်ရာကသင့်ကိုကောင်းစွာအိပ်ပျော်စေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ အိပ်ရာကိုနေ့တိုင်းသန့်ရှင်းလုပ်တာမျိုး အိပ်ရာခင်း ခေါင်းအုံးစွပ်တွေ စောင်တွေကို တပတ်တစ်ခါလျော်တာမျိုး လုပ်ပေးသင့်ပါတယ်။