ရေချိုးတယ်ဆိုတာ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ ပုံမှန်အလုပ်တစ်ခုပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လူတိုင်းရေချိုးကြတာ ဖြစ်လို့ ရေချိုးမှုနဲ့ ပတ်သက်လို့ မလုပ်သင့်တဲ့ အမှားတစ်ချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) ညဘက်ရေချိုးခြင်း

Photo: Freepik
ညဘက်ရေချိုးမယ်ဆိုရင် ကိုယ်ခန္ဓာရဲ့ သဘာဝအပူချိန်ဟာ ကျဆင်းသွားပြီး အိပ်စက်ဖို့ ခက်သွားနိုင်ပါတယ်။ ရေက အေးလွန်း ပူလွန်းနေမယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ဟာ ပြောင်းပြန်အခြေအနေကို ပြောင်းသွားနိုင်ပါတယ်။ ညဘက်အိပ်လို့ကောင်းချင်ရင် မအိပ်ခင် ၂ နာရီလောက်က ကြိုပြီး ရေချိုးသင့်ပါတယ်။
(၂) ဆာလ်ဖိတ်ပါတဲ့ ထုတ်ကုန်များ သုံးခြင်း

Photo: Freepik
Shampoo နဲ့ Conditioner တွေမှာ တွေ့ရတတ်တဲ့ ဆာလ်ဖိတ်ဟာ ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ ကိုယ်သုံးမယ့် Shower Product ထဲမှာ ဆာလ်ဖိတ်ပါတယ်ဆိုရင် ရှောင်ပါ။ နောက်ပြီး Shampoo နဲ့ Conditioner နှစ်မျိုးစပ်ပါတဲ့ ထုတ်ကုန်တွေကလည်း ဆံပင်ကျန်းမာရေးကို ပျက်စီးစေလို့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။
(၃) ချေးတွန်းဖတ် ပုံမှန် မလဲခြင်း

Photo: Best Life
ရေချိုးရာမှာ သုံးတဲ့ ချေးတွန်းဖတ် Loofah တွေဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးလက်နက်ဖြစ်ပေမယ့် ထပ်တလဲလဲ သုံးမယ်ဆိုရင် ကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ ကပ်ငြိလာနိုင်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါ ၊ နှစ်လတစ်ခါဆိုသလို Loofah အသစ်လဲပေးဖို့ လိုပါတယ်။
(၄) ရေချိုးခန်းသုံး Mat မထားခြင်း

Photo: Freepik
၂၀၁၁ ခုနှစ်က ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်ရေးစင်တာ CDC ရဲ့ အစီရင်ခံစာအရ တစ်နှစ်အတွင်း မတော်တဆမှုပေါင်း ၂ သိန်း ၃ သောင်းကျော်ဟာ ရေချိုးနေချိန် ဖြစ်သွားတာ ဖြစ်ပြီး ဖြစ်သမျှ မတော်တဆမှုရဲ့ ၂၀% နီးပါးဟာ ရေချိုးခန်းထဲ ချော်လဲလို့ ဖြစ်တာပါ။ ဒါကြောင့် ရေချိုးခန်းထဲမှာ ချော်မလဲရအောင် ရေချိုးခန်းသုံးဖျာ Mat တစ်ခု ထားရှိသင့်ပါတယ်။
