လူတွေမသိသေးတဲ့ အကြောင်း အများကြီးရှိနေပါသေးတယ်။ တိရိစ္ဆာန်တွေ မတူညီတဲ့ သားပေါက်ခြင်းအလေ့အထတွေ ရှိပါတယ်။ မျိုးစိတ်ပေါ်မူတည်ပြီးတော့ အထီးက သားပေါက်ရသလို တစ်ချို့ မျိုးစိတ်တွေဆိုရင် ကိုယ်ဝန်ဆောင်ကာလ (၃) နှစ်အထိတောင်ရှိပါတယ်။ (၃) နှစ် ကိုယ်ဝန်လွယ်ထားရတယ်ဆိုတော့ တွေးတာကြည့်လိုက်ပါတော့။

ဒီနေ့ kwee page ကပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ တိရိစ္ဆာန်များရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကိုယ်ဝန်ဆောင်ခြင်း အလေ့အထတွေအကြောင်း ပြောပြပေးသွားမှာပါ။

Kiwis (ကီဝီ ငှက်)

Source: VOA Learning English

Kiwis (ကီဝီ ငှက်) တွေဟာ ကမ္ဘာပေါ်က တစ်မျိုးထူးခြားတဲ့ ငှက်တွေဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အမနဲ့အထီးတွေဟာ တစ်သက်လုံး အတူနေသွားတက်ကြပါတယ်။ ရှင်းရှင်းပြောရရင်တော့ တစ်လင်တစ်မယား စနစ်ကိုကျင့်သုံးတယ်လို့ မှတ်ယူနိုင်ပါတယ်။ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ သူတို့ရဲ့ ဥပါ။ ဥတစ်လုံးဟာ ငှက်မ ခန္ဓာကိုယ်အလေးချိန်ရဲ့ (၁၅) ရာခိုင်နှုန်းခန့် လေးပါတယ်။ တစ်ခါတစ်လေ (၂၀) ရာခိုင်နှုန်းအထိ အလေးချိန် ရှိတက်ပါတယ်။ ပြီးတော့ ငှက်အထီးက ဥဖောက်ပေးဖို့အတွက် တာဝန်ရှိပါတယ်။

သစ်ကုလားအုတ်

Source: Cnet

သစ်ကုလားအုတ် အမတစ်ကောင်ဟာ ကိုယ်ဝန်ဆောင်ကာလ (၁၅) လအထိကြာမြင့်ပါတယ်။ ပြီးတော့ သစ်ကုလားအုတ်အမဟာ ကလေးမွေးဖွားချိန်မှာ မတ်တပ်ရပ်ပြီး မွေးဖွားပါတယ်။ ဒါကြောင့် သားပေါက်လေးဟာ မွေးမွေးခြင်း (၅) ပေအမြင့်ကနေ ပြုက်ကျတဲ့ ဒဏ်ကိုခံရပါတယ်။ မွေးဖွားပြီး နာရီဝက်ခန့်အကြာမှာ သားပေါက်လေးက မတ်တပ်ရပ် နိုင်ပြီး (၁၀) နာရီခန့်အကြာမှာတော့ အမေဖြစ်သူအနားမှာ ခုန်ပေါက်ပြေးလွှားဆော့ကစားနိုင်ပါတယ်။

ကျောခုံး ဝေလငါး

Source: ScienceAlert

အရွယ်ရောက်ပြီး ကျောခုံး ဝေလငါးတစ်ကောင်ဟာ (၄၈) ပေကနေ (၆၂.၅) ပေအထိ ရှည်လျားနိုင်ပြီး အလေးချိန်အားဖြင့် တန် (၄၀) ပျမ်းမျှရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကာလကတော့ (၁၁) လအထိကြာမြင့်တက်ပြီး သားပေါက်လေးကတော့ (၄) မီတာရှည်ကာ (၁.၅) တန်အထိ အလေးချိန် ရှိပါတယ်။ မွေးပြီးပြီးချင်း သားပေါက်လေးက ရေကူးနိုင်ပြီး (၆) ပတ်အကြာမှာတော့ မိခင်ဖြစ်သူနဲ့ မိုင် (၃၀၀၀) ကျော်အစာရှာ ထွက်နိုင်ပါတယ်။

Seahorses (ရေနဂါး)

Source: YouTube

ရေနဂါးတွေဟာလည်း တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဒီတိရိစ္ဆာန်တွေမှာရှိတဲ့ ထူးခြားချက်ကတော့ ရေနဂါးအထီးတွေကို ဥသယ်ဆောင်တာ ဥ ဥချတာနဲ့ သားဖောက်ပေးဖို့အတွက် တာဝန်ရှိတာပါပဲ။

Frilled ငါးမန်း

Source: Wikipedia

Frilled ငါးမန်း အမတွေရဲ့ ကိုယ်ဝန်ဆောင်ကာလဟာ (၃) နှစ် ကျော်ခန့် ကြာမြင့်ပါတယ်။ တစ်ခါသားပေါက်ရင် (၂) ကောင်မှ (၁၅) ကောင်အထိရှိပါတယ်။ သူတို့တွေဟာ ဥကို ဝမ်းဗိုက်ထဲမှာပဲ ဖောက်လေ့ရှိပြီး သားပေါက်ကို ဝမ်းထဲမှာ (၄၂) လခန့်ထားလေ့ရှိပါတယ်။