တစ်ချို့သော လူတွေက ကိုယ်နံ့အင်မတန်ပြင်းပါတယ်။ တခြားလူတွေ အနားမကပ်နိုင်အောင်ကို ကိုယ်နံ့ပြင်းတဲ့လူတွေဟာ လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိတက်ပါတယ်။ ကိုယ်နံ့သင်းပျံ့မှုက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ရာမှာ အထိုက်အလျှောက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ကိုယ်နံ့ပြင်းတာဟာ လက်တွဲဖော်ရှာတဲ့နေရာမှာလည်း ပြဿနာရှိနေပြန်ပါတယ်။
ကိုယ်နံ့ဆိုးခြင်းဟာ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ ပြီးတော့ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာ (သို့) အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ kwee page က ကိုယ့်နံ့ပြင်းတဲ့လူတွေ မစားသင့်တဲ့ အစားအသာက်တွေကို ဖော်ပြပေးသွားမှာပါ။
ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

Source: BBC
ဒီအစားအစာတွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေပွစေနိုင်ပြီး ခန္ဓာကိုယ်ကိုအနံ့ဆိုးတွေဖြစ်စေနိုင်တာကြောင့် ကိုယ်နံ့မပြင်းချင်ဘူးဆိုရင်တော့ ရှောင်ရှားပေးပါ။
အနီရောင်အသားများ

Source; Taste of Home
အနီရောင်အသားစားသုံးမှုများလေလေ ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့ကပြင်းလေလေပါပဲ။ ဒါကြောင့်အနီရောင်အသားတွေကို တက်နိုင်သမျှရှောင်ရှားပေးပါ။
ဆေးလိပ်

Source: Insider
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိုခိုက်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ကိုယ်နံ့လည်းပြင်းစေနိုင်ပါတယ်။ ဆေးလိပ်နံ့တွေဟာ အဝတ်အစားတွေမှာ ကပ်ကျန်နေပြီး ကိုယ်နံ့ကို ပိုပြီးဆိုးစေနိုင်ပါတယ်။
ကြက်သွန်ဖြူ

Source: Good Houskeeping
ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် အနံ့ဆိုးတွေကိုဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးစေတဲ့အပြင် ချွေးနံ့ကိုပါ ဆိုးစေပါတယ်။ ဒါ့ကြောင့် တခြားလူတွေနဲ့ အလုပ်ကိစ္စတွေပြောဆိုဖို့ရှိနေတဲ့အချိန်မျိုးမှာ ကြက်သွန်ဖြူမစားမိပါစေနဲ့။
အယ်လ်ကိုဟော

Source: Medical News Today
အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတိုင်း ကိုယ်နံ့ကိုပြင်းစေနိုင်ပါတယ်။ ဒါကြာင့် သတိထားသင့်ပါတယ်။ ကိုယ့်နံ့ပြင်းခြင်းမှ ကင်းဝေးအောင် ရေပုံမှန်ချိုးပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။ ချိုင်းမွှေးရိတ်ပေးပါ။ အဝတ်အစားတွေကို လျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပါ။
