ဘတ်စကက်ဘော ကစားနည်းက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝင်ငွေအားဖြင့်လည်း များစွာရရှိတဲ့ ကစားနည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေရှိစေတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘတ်စကက်ဘောကစားနည်းကို လူငယ်တွေဘာကြောင့်ကစားသင့်လဲ ဘတ်စကက်ဘော ကစားခြင်းဖြင့် ရရှိလာမယ့် အံ့ဖွယ်အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock

ဘတ်စကက်ဘောကစားနည်းဟာ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားကစားပေးရတဲ့ ကစားနည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းကိုမြင့်တက်စေပြီး နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဘတ်စကက်ဘော ပုံမှန်ကစားသူတွေဟာ အသက်ကြီးလာတဲ့အခါ လေဖြတ်ခြင်းနှင့်နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၂) ကယ်လိုရီလောင်ကျွမ်းမှုများတယ်

Source : Shutterstock

ဘတ်စကက်ဘောကစားနည်းဟာ ပြေးလွှားခြင်း ခုန်ခြင်းတွေပြုလုပ်ရတဲ့အတွက် ခန္ဓာကိုယ်ကယ်လိုရီ များများလောင်ကျွမ်းစေတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို တစ်နာရီခန့် ဘတ်စကက်ဘောကစားပေးရုံနဲ့ ခန္ဓာကိုယ် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ကယ်လိုရီ ၆၀၀ ကနေ ၉၀၀ ကြားလောင်ကျွမ်းစေနိုင်မှာဖြစ်ပါတယ်။

(၃) ကြွက်သားနှင့်အရိုးတွေကိုသန်မာလာစေတယ်

Source : Shutterstock

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းအတွက် ထိရောက်မှုရှိတဲ့ကစားနည်းတွေမှာ ဘတ်စကက်ဘောကစားနည်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားများနှင့် အရိုးများကို သန်မာလာစေဖို့ ဘတ်စကတ်ဘောကစားနည်းက ကူညီပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ခန္ဓာကိုယ်ကိုယ်နေဟန်ထားကိုလည်း မှန်ကန်စေပြီး အရပ်ရှည်ဖို့ကိုလည်း ကူညီပေးပါတယ်။

(၄) ကိုယ်ခံအားမြှင့်တင်ပေးတယ်

Source : Shutterstock

ဘတ်စကတ်ဘောကစားနည်းဟာ စိတ်ဖိစီးမှုလျော့ချပေးတဲ့ အကောင်းဆုံး ကစားနည်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းလာတာနဲ့အမျှ ခန္ဓာကိုယ်မှာပျော်ရွှင်မှုဟော်မုန်းတွေလည်းတိုးလာစေမှာဖြစ်ပြီး ကိုယ်ခံအားစနစ်လည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုတွေလျော့ကျသွားတဲ့အခါ စွမ်းအင်ပိုမိုရရှိစေပြီး အာရုံစူးစိုက်မှုလည်း ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့်သဘာဝအတိုင်း ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ဖို့ ဘတ်စကတ်ဘောကစားနည်းက ပုံမှန်အမြဲကစားသင့်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေတယ်

Source : Shutterstock

ဘတ်စကတ်ဘောကစားခြင်းက Self Confidence လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုစွမ်းရည်တိုးတက်စေတဲ့ အကောင်းဆုံးကစားနည်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုအနေနဲ့ ဘတ်စကတ်ဘောကစားနည်းဟာ အသင်းအဖွဲ့နှင့်ကစားရတဲ့ ကစားနည်းတစ်ခုဖြစ်တာကြောင့် အသင်းအဖွဲ့ နဲ့ လုပ်ဆောင်တက်တဲ့ Teamwork စွမ်းရည်လည်းတိုးတက်လာစေမှာဖြစ်ပါတယ်။