လူတွေက ငှက်ပျောသီးကို အစာပြေသဘော အနေနဲ့စားသုံးကြပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ပျောသီးကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ငှက်ပျောသီးဟာ အရသာရှိပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။ ဒီနေ့တော့ kwee page ကနေ ငှက်ပျောသီးရဲ့ ကျန်မားရေးအထောက်အကူပြု ပုံအကြောင်း ပြောပြပေးသွားမှာပါ။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ် များစွာပါဝင်တယ်

Source: The Conversation

ငှက်ပျောသီးမှာ ပါတဲ့ အာဟာရဓာတ်တွေကတော့ လူတွေအတွက် အကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များလို့ အစာကြေလွယ်စေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။

အစာခြေစနစ်အတွက် ကောင်းတယ်

Source: HealthXchange.sg

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်ဟာ အူမကြီးထဲရောက်သွားတဲ့အခါမှာ ကိုယ်ခန္ဓာ အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်သွားပါတယ်။ ဒီဘက်တီးရီးယားလေးတွေ များလာတာနဲ့ ကိုယ်ခံအားစနစ်ကိုသာမက အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ကိုလည်း ကူညီပေးတယ်။ အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ကျစတေယ်

Source: HuffPost India

ကိုယ်အလေးချိန် ချဖို့ ရည်မှန်းထားတဲ့ လူတွေအတွက် စားပေးသင့်တဲ့ အသီးတွေထဲမှာ ငှက်ပျောသီး ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ကယ်လိုရီပမာဏ နည်းပြီး ပရိုတင်းဓာတ်နဲ့ တခြားအကျိုးပြု အာဟာရဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
အားကစားသမားတွေအတွက် ကောင်းတယ်

Source: FoodNavigator-Asia

ငှက်ပျောသီးက တစ်နေ့တာအတွင်း ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ အားကစားသမားတွေအတွက်သာမက လေ့ကျင့်ခန်းလိုက်စားသူတွေအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ အချိန်ခဏအတွင်းမှာ ကြွက်သားတည်ဆောက်ဖို့ ရည်မှန်းထားတဲ့ လူတေါအတွက် ငှက်ပျောသီးကို Gym မကစားခင် တစ်လုံးလောက်ဖြစ်ဖြစ် စားပေးတာက များစွာအထောက်အကူဖြစ်စေပါတယ်။