တကယ်တော့ ပျော်ရွှင်ဖို့ဆိုတာမခက်ခဲပါဘူး။ ပျော်ရွှင်မှုကိုရနိုင်တဲ့ ပုံသေနည်းဆိုတာမရှိပေမယ့် သင်သာမြင် တတ်မယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ ပျော်စရာတွေအများအပြားရှိနိုင်ပါတယ်။ ပျော်ရွှင်မှုက တံခါးတချပ်ဆိုရင် အဲ့ဒီတံခါးကိုဖွင့်ရမှာ သင်ကိုယ်တိုင်ပါပဲ။ အခုပြောပြမှာက သုတေသီတွေရှာဖွေတွေ့ရှိထားတဲ့ ပျော်ရွှင်မှုကိုပိုတိုး တက်စေဖို့ ခန့်မှန်းထားတဲ့အချက်တွေအကြောင်းပါ။
(၁) Facebook ကို ပိတ်လိုက်ပါ

Source : Shutterstock
မီချီဂန်တက္ကသိုလ်ရဲ့သုတေသနပြုချက်အရ ပိုပျော်ဖို့အတွက် Like ပိုရဖို့မလိုပါဘူးတဲ့။ နှစ်ပတ်တာကာလ အတွင်းဖေ့စ်ဘွတ်အသုံးပြုခဲ့တဲ့လူငယ်တွေကိုလေ့လာကြည့်တဲ့အခါ ဖေ့စ်ဘွတ်ကိုပိုသုံးစွဲလေလေ၊ သူတို့ရဲ့ ဘဝကိုကျေနပ်မှုအဆင့်က လျော့ကျလေလေဆိုတာတွေ့ရပါတယ်။ အဲ့ဒီအစား တခြားသူတွေနဲ့ မျက်နှာချင်း ဆိုင်တွေ့ဆုံတာ ဖုန်းနဲ့ဆက်သွယ်စကားပြောတာတွေက ပိုကောင်းတဲ့ခံစားမှုကိုရစေတယ်လို့ဆိုပါတယ်။
(၂) နေရောင်ခြည်နှင့်ထိတွေ့ပါ

Source : Shutterstock
လေ့လာတွေ့ရှိမှုတခုကတော့ မနက်ခင်းနေရောင်ခြည်နဲ့ထိတွေ့တဲ့အချိန်မှာရှိတဲ့ လူတွေရဲ့စိတ်နေစိတ်ထားဟာ ပိုတိုးတက်မှု ရှိတာကိုတွေ့ရှိခဲ့ကြပါတယ်။ ယူအေအီးလူမှုသိပ္ပံနဲ့ကောလိပ်တခုက ပညာရှင်တွေအဆိုအရလည်း လူ့ခန္ဓာကိုယ်ဟာ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ ဗီတာမင်ဒီရရှိမှုတိုးလာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
(၃) ပျော်ရွှင်စရာအတွေးတွေ တွေးပါ

Source : Shutterstock
အပြုသဘောဆောင်စိတ်ပညာဂျာနယ်တခုမှာဖော်ပြထားတာက လူနှစ်ယောက်ဟာ ပျော်စရာသီချင်းတပုဒ်ကို နားထောင်တဲ့အခါ ပိုပျော်ရွှင်ဖို့လွယ်ကူလာတာတွေ့ရပါတယ်။ ပျော်စရာအတွေးတွေက နောက်ဆက်တွဲစိတ် ခံစားချက်တွေကိုပိုကောင်းမွန်လာစေတဲ့အတွက် ဒီအချက်ကလဲ ပျော်ရွှင်ဖို့မခက်ခဲတဲ့အချက်တချက်ပါပဲ။
(၄) အိပ်ပါ

Source : Shutterstock
နောက်တချက်ကတော့ လူတွေရဲ့ပျော်ရွှင်မှုဟာ အိပ်စက်ခြင်းနဲ့တိုက်ရိုက်ပတ်သတ်နေတယ်ဆိုတဲ့အချက်ပါ။ အခုခေတ်မှာ လူတွေဟာ အချိန်တော်တော်ကြာတဲ့အထိလုံလောက်တဲ့အိပ်စက်မှုမရှိဘဲ နေနေကြတယ်လို့ ဆိုပါတယ်။ အိပ်ချိန်မလုံလောက်တာက စိတ်ခံစားမှုနဲ့ လူမှုဆက်ဆံရေးပြသနာတွေနဲ့ဆက်စပ်နေပါတယ်။
(၅) အသင့်စားအစားအစာတွေ မစားပါနဲ့

Source : Shutterstock
ယူအေအီးလူမှုသိပ္ပံနဲ့ ကောလိပ်ကထုတ်ဝေတဲ့ လေ့လာမှုတခုမှာ အသင့်စား,စားသောက်ဆိုင်တွေမှာရောင်းတဲ့ အမြန်ရတဲ့အစားအစာတွေကို မကြာခနမှာစားတာက အချိန်ကုန်သက်သာစေပေမယ့်လို့ အလွယ်တကူရတဲ့အတွက် စိတ်မရှည်တဲ့စိတ်ကိုဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် အသင့်စားလို့ရတဲ့အမြန်စာတွေစားတာက မပျော်ရွှင်ဖို့အတွက် အလေ့အကျင့်တခုဖြစ်လာနိုင်ပါတယ်။
