ညဘက်တွေမှာ မကြာခဏဗိုက်ဆာတက်တဲ့ အကျင့်က တော်တော်လေးဆိုးပါတယ်။ အိပ်ချိန်နဲ့ နီးမှ အစားအစာတာဟာ ကိုယ်အလေးချိန်တက်စေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်တာကြောင့် ဝိတ်တက်လာမှာလည်းဆိုး ဗိုက်ဆာတဲ့ဒဏ်ကလည်းဆိုးနဲ့ အတော်ကိုခံစားရခက်ပါတယ်။ ဒါကြောင့် ဒီလိုညဘက်မှာ ဗိုက်ဆာတက်တဲ့သူတွေအနေနဲ့ ဝိတ်တက်မှာစိုးရိမ်စရာမလိုပဲ စိတ်ချလက်ချစားလို့ရတဲ့ အဆာပြေအစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဂရိဒိန်ချဉ်

Source : Gayasehatku
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ဂရိဒိန်ချဉ်ဟာ ညဘက်ဗိုက်စာတဲ့အချိန်မှာစားသုံးပေးဖို့ အသင့်တော်ဆုံးအစာအစာတစ်ခုဖြစ်ပါတယ်။ ဂရိဒိန်ချဉ်မှာ ကယ်လစီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းစွာအိပ်ပျော်စေဖို့လည်း လှုံဆော်ပေးပါတယ်။ ဂရိဒိန်ချဉ်ကို ဒီတိုင်းစားလို့ရသလို လက်ဆတ်တဲ့အသီး တမျိုးမျိုးနဲ့လည်းတွဲဖက်စားနိုင်ပါတယ်။
(၂) ကြက်ဥ

Source : Jamie Geller
အဟာရပြည့်ဝပြီး လွယ်လွယ်ကူကူနဲ့ စားသုံးလို့ရတဲ့ အဆာပြေအစားအစာတစ်ခုကတော့ ကြက်ဥပါ။ ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီး ကြက်ဥတစ်လုံးမှာ ၇၂ ကယ်လိုရီသာပါရှိပါတယ်။ ဒါကြောင့် ညဘက်ဗိုက်ဆာတယ်ဆိုရင် ကြက်ဥပြုတ်စားတာအကောင်းဆုံးပါ။ အကယ်၍ ကိုယ်အလေးချိန်တက်မှာစိတ်ပူသေးတယ်ဆိုရင် အနှစ်ကိုဖယ်ပြီး ကြက်ဥအကာကိုပဲစားသုံးပေးနိုင်ပါတယ်။
(၃) ငှက်ပျောသီး

Source : Harvard TH Chan School of Public Health
ငှက်ပျောသီးဟာ ညဘက်အဆာပြေအဖြစ်စားသုံးဖို့သင့်တော်အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပြီး ဗီတာမင် C ၊ B6 ပိုတက်စီယမ် နှင့် မဂ္ဂနီဆီယမ်အရင်းအမြစ်ကြွယ်ဝတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရ မဂ္ဂနီဆီယမ်ဓာတ်က အိပ်စက်ခြင်းကိုအထောက်အပံ့ဖြစ်စေပြီး ကောင်းစွာအိပ်ပျော်စေဖို့ကိုလည်း ကူညီပေးပါတယ်။ ဒါကြောင့် ညဘက်မှာဗိုက်ဆာတက်တယ်ဆိုရင် ငှက်ပျောသီးလေး တစ်လုံးလောက်စားလိုက်ပါ။
(၄) စတော်ဘယ်ရီသီး

Source : Jamie Geller
ကယ်လိုရီပါဝင်မှုနည်းတဲ့ ဝိတ်မတက်စေမယ့် အကောင်းဆုံးအဆာပြေအစားအစာတစ်ခုကိုပြောပါဆိုရင် လက်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေကလည်း ချန်ထားလို့ မရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်ပြီး စတော်ဘယ်ရီ ၁၆၆ ဂရမ်မှာ ၅၃ ကယ်လိုရီသာပါရှိပါတယ်။ ဒါကြောင့် ညအချိန်ဗိုက်ဆာတဲ့အခါ စတော်ဘယ်ရီသီးက စားသုံးပေးဖို့အသင့်တော်ဆုံး အဆာပြေအစားအစာတစ်ခုဖြစ်ပါတယ်။
