ကိုယ်တစ်ဖက်သက်ကြိတ်ပြီး ချစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုပြန်ရဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ သင်အနေနဲ့ အခြေခံကျတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို မေ့ကောင်းမေ့နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေသိသွားပြီဆိုရင် သင်ချစ်တဲ့မိန်းကလေး သင့်ကို ပြန်ချစ်လာဖို့ အရမ်းကြီးခက်ခဲရှုပ်ထွေးတယ်လို့ ထင်မိမှာ မဟုတ်တော့ပါဘူး။ ဘယ်လိုနည်းလမ်းလေးတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
(၁) သင့်ပုံစံအတိုင်းပဲနေပါ

Source : Best Body Physio & Pilates Perth
ဒါကအရေးကြီးပါတယ်။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်ပုံစံဆိုတာ ရှိကြပါတယ်။ ကိုယ့်ချစ်တဲ့ မိန်းကလေးကိုယ့်ကိုပြန်ချစ်လာဖို့ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံကိုပြောင်းလဲပစ်ဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ရှိရင်းစွဲ ပုံစံအစစ်အမှန်ကို ပြသခြင်းကသာ ရိုးရှင်းပြီး သူမရဲ့အချစ်ကိုရဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လူတိုင်းမှာ ချစ်စရာကောင်းတဲ့ ပင်ကိုယ်ပုံစံလေးတွေရှိတာပဲ မဟုတ်လား။
(၂) ကြောက်စိတ်တွေဖျောက်ထားပါ

Source : Herway.net
ကိုယ်ချစ်တဲ့ မိန်းကလေးအနားရောက်ရင် ရင်ခုန်စိတ်လှုပ်ရှားတက်ကြတာ သဘာဝပါပဲ။ သို့သော်လည်း ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေနဲ့အတူ ကြောက်စိတ်တွေဖြစ်မလာဖို့တော့ သတိထားသင့်ပါတယ်။ သူမရှေ့ရောက်တိုင်း ခြေမကိုင်မိလက်မကိုင်မိ အယောင်ယောင်အမှားအမှားတွေနဲ့ တလွဲတွေလုပ်နေမယ်ဆိုရင် သင့်ကို ယုံကြည်မှုနည်းတဲ့သူ ကြောက်တက်တဲ့ သူလို့မြင်သွားနိုင်ပါတယ်။ ဒါကြောင့် သူမရှေ့မှာ ကြောက်စိတ်တွေကို အတက်နိုင်ဆုံးဖျောက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ သူတစ်ယောက်အဖြစ်နေဖို့ အရေးကြီးပါတယ်။
(၃) တန်ဖိုးထားကြောင်းပြသပါ

Source : El Tiempo
လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သေချာပေါက်ကိုယ့်ရဲ့ချစ်ခြင်းတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးသင့်မှာအပြည့်ရှိပါတယ်။ ဒီနေရာမှာ ချစ်ခြင်းမေတ္တာနဲ့အတူ တန်ဖိုးထားခြင်းတွေကိုပါ ပြသသင့်ပါတယ်။ မိန်းကလေးတိုင်းလိုလိုက သူမကို တန်ဖိုးထားတဲ့ သူမျိုးကိုပဲ ချစ်သူ သို့မဟုတ် လက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အတူ ကိုယ့်ရဲ့ တန်ဖိုးထားခြင်းတွေကိုပါသူမမြင်အောင်ပြသဖို့ လိုအပ်ပါတယ်။
(၄) စိတ်ရှည်ပါ

Source : Love Catalogue
ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုပြန်ရဖို့ဆိုရင် စိတ်ရှည်သည်းခံဖို့ကလည်း မဖြစ်မနေလိုက်နာရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ အချစ်ကို ဘောလုံးပွဲကြည့်သလိုတော့ စိတ်လောနေလို့ မရနိုင်ပါဘူး။ သူမရဲ့ စိတ်ထဲမှာ သင့်ကိုယုံကြည်စိတ်ချမှုရာခိုင်နှုန်းတက်လာဖို့ အချိန်အနည်းငယ်တော့ ပေးရမှာဖြစ်ပါတယ်။သူမနဲ့ အတူရှိတဲ့အချိန်တွေမှာ အဖြေတောင်းဖို့ထက် သူမစိတ်ကိုနားလည်အောင်ကြိုးစားပါ။ သူမအကြိုက်တွေကိုလေ့လာပါ။ သူမကိုရယ်မောပျော်ရွှင်စေမယ့်အရာလေးတွေလုပ်ဆောင်ပါ။ ဒီလိုမျိုး သူမနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို အချိန်ယူပြီးတည်ဆောက်မယ်ဆိုရင် သင့်အပေါ် သူမရဲ့ စိတ်ချလုံခြုံမှုပမဏက မြင့်တက်လာမှာဖြစ်ပြီး သင်လိုချင်တဲ့အဖြေရဖို့လည်း ပိုပြီးရာခိုင်နှုန်းများစေမှာဖြစ်ပါတယ်။
