ပျော်ရွှင်မှုကိုဝေးဝေးလံလံလိုက်မရှာပါနဲ့။ ပျော်ရွှင်မှုဆိုတာ သင့်အနားမှာပဲရှိပါတယ်။ သင့်ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်လုပ်ဆောင်လို့ရတဲ့ အရာတွေအများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင့်ဘဝရဲ့နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေနဲ့ လွှမ်းခြုံသွားစေဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အိပ်ရာနိုးတဲ့အချိန်မှာ ပူပင်စရာတွေမတွေးပါနဲ့

Source : The Healthy

တနေ့တာလုံးစိတ်ကြည်လင်လန်းဆန်းနေဖို့ အိပ်ရာနိုးတဲ့အချိန်က အရမ်းကိုအရေးကြီးပါတယ်။ အိပ်ရာကနိုးလို့ မျက်လုံးပွင့်တာနဲ့ စိတ်ညစ်စရာတွေ ပူပင်စရာတွေ တွေးတောနေမိမယ်ဆိုရင် သင့်ရဲ့တနေ့တာလုံးမှာလည်း စိတ်ညစ်ညူးစရာကိစ္စတွေကြုံတွေ့ရနိုင်ခြေများပါတယ်။ ဒါကြောင့်မနက်ခင်းအိပ်ရာထတဲ့အချိန်မှာ စိတ်ကိုအပေါ့ပါးဆုံးထားပါ။ ပူပင်စရာတွေ စိတ်ညစ်စရာလုံးဝမတွေးပါနဲ့။

(၂) ဝါသနာပါတဲ့အရာတွေလေးတွေလုပ်ဆောင်ပါ

Source : Freepik

တစ်နေ့တာအချိန်တွေထဲမှာ ကိုယ်ဝါသနာပါတဲ့အရာလေးတွေအတွက် အချိန်ပေးဖို့ကိုလည်းမေ့ထားလို့ မရပါဘူး။ လူတစ်ယောက်က ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်နေရချိန်မှာ စိတ်ခံစားမှုပိုမိုကောင်းမွန်နေပြီး ပျော်ရွှင်မှုရသကို ခံစားရပါတယ်။ဒါကြောင့် တစ်နေ့တာမှာအဆုံး တစ်နာရီလောက် အချိန်ပေးပြီးတော့ ကိုယ်တကယ်ဝါသနာပါတဲ့အရာ ပျော်ရွှင်တဲ့အရာလေးတွေကိုလုပ်ဆောင်ကြည့်ပါ။

(၃) ဒေါသစိတ်ကိုထိန်းချုပ်ပါ


Source : Shutterstock

ဒေါသစိတ် သင့်ရဲ့ ပျော်ရွှင်မှုတွေကိုဖျက်စီးပစ်တယ်ဆိုတာသိပါသလား။ ဟုတ်ပါတယ် ဒေါသထွက်လွယ်တယ် စိတ်ကြီးတယ်ဆိုတာ တကယ်တော့ သင့်စိတ်နဲ့ ခန္ဓာကိုယ်အပေါ် ဆိုးကျိုးတွေသာ ပိုပြီးသက်ရောက်စေတာပါ။ ဒေါသထွက်နေချိန်မှာရော ဒေါသထွက်ပြီးချိန်အထိပါ စိတ်ထဲမှာမကောင်းတဲ့ခံစားချက်တွေ ကျန်ရစ်နေစေပါတယ်။ဒါကြောင့် လွယ်လွယ်ဒေါသထွက်သူတွေအနေနဲ့ ကိုယ်ရဲ့ဒေါသကိုထိန်းချုပ်ပါ။ ပျော်ရွှင်လာရပါလိမ့်မယ်။

(၄) သန့်ရှင်းတဲ့ပတ်ဝန်ကျင်မှာရှင်သန်ပါ

Source : Computerworld

သင့်ပတ်ဝန်ကျင်ကလူတွေ မိတ်ဆွေအပေါင်းအသင်းတွေကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ တချို့သော ပတ်ဝန်းကျင်ကလူတွေဟာ အမှိုက်လိုလူတွေ အဆိပ်လိုလူတွေဖြစ်နေတက်ပါတယ်။ ကိုယ့်အပေါ်မကောင်းတဲ့ လူတွေဝန်းရံနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်နေခြင်းက သင့်ပျော်ရွှင်မှုကို တဖြည်းဖြည်းချင်းတိုက်စားနေခြင်းသာဖြစ်ပါတယ်။ဒါကြောင့် ဒီလိုအမှိုက်လိုလူတွေရှိတဲ့ ပတ်ဝန်ကျင်မှာမနေပါနဲ့။ ကိုယ်အပေါ်မကောင်းတဲ့လူတွေကို သတိရှိရှိပဲ လက်လွှတ်လိုက်ပါ။