တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့အတွက် မနက်ခင်းအချိန်ခါဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီလိုပဲ မနက်ခင်းမှာ စပြီး မှီဝဲစားသောက်တဲ့ မနက်စာဆိုတာ တစ်နေကုန် အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အရေးကြီးဆုံး လို့လည်းပြောလို့ရပါတယ်။
မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ အဝလွန်သူတွေရဲ့ အဓိက ပြဿနာတွေထဲမှာလည်း မနက်ခင်းပိုင်းမှာ မနက်စာကို စနစ်တကျ မစားသောက်တာကြောင့်လည်း ပါဝင်ပါတယ်။
ဒီနေ့ kwee page ကမနက်ခင်းတွင် စားသုံးပေးသင့်သော အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အသီးအနှံများ
Source: The Economic Times
မိမိနှစ်သက်ရာ သစ်သီးဝလံတွေကို မနက်ခင်းပိုင်းမှာ မနက်စာအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်စေနိုင်သလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဝိတ်ချနေသူတွေအတွက် အသင့်လျော်ဆုံးနည်းလမ်းပါ။ သီးနှံတွေကနေ ဗီတာမင်၊ ပရိုတိန်းနဲ့ ပိုတက်ဆီယမ်တွေ ရရှိနိုင်ပါတယ်။
ဥအမျိုးမျိုး
Source: Rachel Cooks
မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးကို စားသုံးပေးသင့်ပါတယ်။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာမို့ ကျန်းမာရေးအတွက် ဝိတ်ချနေသူတွေအတွက် အဆင်ပြေတာပေါ့။ ပြီးတော့ သွေးတွင်း သကြားပါဝင်မှုနှုန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။
ဒိန်ချဉ်
Source: Live Eat Learn
သဘာဝ ဒိန်ချဉ်တွေက ပရိုတိန်းကြွယ်ဝပြီး ဗိုက်လည်းပြည့်စေပါတယ်။ အချိုများတဲ့ ဒိန်ချဉ်တွေ ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေ စားသုံးဖို့ကိုတော့ အားမပေးချင်ပါဘူး။
Oatmeal
Source: Triad to Wellness
အုတ်ဂျုံကိုတော့ ကွေကာအုတ်တွေကနေတဆင့် မှီဝဲနိုင်ပါတယ်။ ကွေကာအုတ်ကြိုက်တတ်သူတွေအတွက်တော့ သတင်းကောင်းပေါ့။ ဖိုက်ဘာပါဝင်မှုများသလို antioxidants လည်း ကြွယ်ဝတာမို့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး မနက်စာတစ်မျိုးပါပဲ။