၂၀၂၀ခုနှစ်ရဲ့လတွေက တဖြည်းဖြည်းကုန်လုနီးပါးဖြစ်လာပါပြီ။ နှစ်တနှစ်မကုန်ဆုံးခင် နောက်တနှစ်အတွက် ကိုယ့်ရဲ့lifestyle ကို ဘယ်လိုအဆင့်မြှင့်တင်မလဲဆိုတာ ကြိုတင်ပြင်ဆင်တာအကောင်းဆုံးဖြစ်ပါတယ်။ lifestyle ကို အဆင့်မြှင့်တင်တယ်ဆိုတာဟာ သင့်ရဲ့လက်ရှိစီးပွားရေး၊ လူမှုရေး၊ ငွေကြေးအခြေအနေအားလုံးကိုစနစ်တကျ နဲ့ပိုကောင်းအောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။
(၁) အိပ်ရာစောစောထပါ

Source : The Paleo Mom
အိပ်ရာစောစောထပါ၊ နေ့တနေ့ကို အကောင်းဆုံးဖြတ်သန်းလိုက်ပါ။ အိပ်ရာစောစောထတာက မနက်စာကောင်း ကောင်းစားတာ၊ လေ့ကျင့်ခန်းလုပ်ဖို့အတွက်အချိန်ရတာအပြင် တနေ့တာလုံးကိုသိသိသာသာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ဘယ်အချိန်အိပ်ယာထသင့်တယ် ဆိုတာကတော့ သင့်ရဲ့ကိုယ်ပိုင်အချိန်ဇယား နဲ့လိုအပ်ချက် အပေါ်မူတည်ပါတယ်။
(၂) ကိုယ့်ကိုယ်ကို ဆုချပါ

Source : Shutterstock
အသိအမှတ်ပြုပေးတာက ကောင်းတဲ့အလေ့အထတခုပါ။ ဘယ်သူ့ကိုမဆို အောင်မြင်မှုသေးသေးလေးတောင် အသိအမှတ်ပြုပေးသင့်ပါတယ်။ အဲ့ဒီသူတွေထဲမှာ သင့်ကိုယ်တိုင်လဲပါ,ပါတယ်။ အလုပ်ကောင်းကောင်းတခုပြီး တိုင်း သင့်ကိုယ်သင်ဆုချဖို့မမေ့ပါနဲ့။ ဈေးကြီးတာ၊ ခမ်းနားလွန်းတာမျိုးတွေမဟုတ်ဘဲ သင်တကယ်လိုအပ်နေတဲ့ စားပွဲတင်နာရီလေးတလုံး၊ စာအုပ်လေးတအုပ်ဖြစ်ဖြစ်ဝယ်လို့ရပါတယ်။
(၃) စာအုပ်ဖတ်ပါ

Source : Freepik
ဒီနေ့ခေတ်မှာ စာအုပ်တအုပ်ကိုပြီးအောင်ထိုင်ဖတ်ဖို့အချိန်မရှိဘူး သင်ထင်နိုင်ပါတယ်။ တကယ်တော့ အချိန်ဘယ် လောက်ပဲရှိရှိ သင်တကယ်မလုပ်ချင်တဲ့အရာဆို အချိန်မပေးပါဘူး။ သင့်အနေနဲ့အိမ်မှာနေရင်း ဗဟုသုတ ဒါမှမဟုတ် အတွေ့အကြုံအသစ်တွေလိုချင်တယ်ဆိုရင် စာအုပ်ဖတ်တာကအကောင်းဆုံးနည်းလမ်းပါ။ စာအုပ်တွေက အကြီးမားဆုံးသော အသိပညာအရင်းအမြစ်တွေပါပဲ။
(၄) ကျန်းမာတဲ့အစားအသောက်ပုံစံပြောင်းပါ

Source : The People’s Pharmacy
ပိုက်ဆံကုန်ရင် ပြန်ရှာလို့ရပေမယ့် အစားထိုးပြန်ရှာလို့မရတာ သင့်ကျန်းမာရေးပါ။ အလွယ်တကူရတဲ့၊ အရသာ ပြုပြင်ထားတဲ့အစားအသောက်တွေက ရေရှည်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သင့်ဘဝရဲ့ပျော်စရာအချိန်တွေ အမှတ်တရတွေကိုတောင် ဖျက်ဆီးပြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာ ရေရှည်ကျန်းမာရေးအတွက် မှန်ကန်တဲ့စားသောက်မှုပုံစံမရှိဘူးဆိုရင် အမြန်ဆုံးပြောင်းလဲလိုက်ပါ။
(၅) နေ့စဥ်လေ့ကျင့်ခန်းလုပ်ပါ

Source : The People’s Pharmacy
အစားအသောက်ပုံစံတင်မကပါဘူး။ နေ့စဥ်ကိုယ်လက်လှုပ်လျားလေ့ကျင့်ခန်းလုပ်ဖို့လဲအရေးကြီးပါတယ်။ တနေ့ကိုနာရီဝက်ခန့်ပြေးတာ၊ ယောဂလေ့ကျင့်တာကလုံလောက်ပါတယ်။ အချိန်ကြာမြင့်စရာမလိုဘဲ ပုံမှန် လုပ်ဆောင်သွားဖို့အရေးကြီးတာပါ။ လေ့ကျင့်ခန်းလုပ်တာက သင့်ကိုစိတ်ပျော်ရွင်စေပြီး တနေ့တာလုံးကို စွမ်းအင်ပြည့်ဝနေစေပါတယ်။
