ကမ္ဘာပေါ်က စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ အထူးခြားဆုံး ဖြစ်ရပ်တွေအကြောင်းကို မှတ်တမ်းတင်ထားတဲ့ Guinness World Records (GWR) မှာ နာမည်ကြီးမင်းသားမင်းသမီးတွေလည်း စံချိန်တင်ထားတာ ရှိပါတယ်။ ဘယ်သူတွေ GWR စံချိန်မှာ ပါသလဲဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) ဒွိန်းဂျွန်ဆင်
Photo: Guinness World Records
The Rock မင်းသားကြီး ဒွိန်းဂျွန်ဆင်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်၅ခုအထိ တင်ထားသူ ဖြစ်ပါတယ်။
- ၂၀၁၁ မှာ ပထမဆုံးအကြိမ် သရုပ်ဆောင်သူတစ်ယောက်အတွက် အမြင့်ဆုံးသရုပ်ဆောင်ကြေး ( ဒေါ်လာ ၅.၅ သန်း – The Mummy Returns (၂၀၀၁))
- ၂၀၁၆ ခုနှစ်မှာ တစ်နှစ်တာအတွင်း ကမ္ဘာ့ဝင်ကြေးအကောင်းဆုံးမင်းသား (ဒေါ်လာ ၆၄.၅ သန်း)
- ၂၀၁၇ မှာ ကမ္ဘာ့အကြီးဆုံး ၇ လွှာ ဟင်းနှစ် (ပေါင် ၄၅၀အလေးချိန်ရှိ)
- ၂၀၁၇ မှာ ကွေကာအုတ်ဘူး ၃၀၀၀ ကျော်နဲ့ ဒိုမိုနိုလှဲပြခြင်း
နောက်တစ်ခုက သတ်မှတ်ချိန်အတွင်း ဆဲလ်ဖီအများဆုံးရိုက်နိုင်တဲ့ စံချိန်ဖြစ်ပါတယ်။ ဒွိန်းဂျွန်ဆင်ရဲ့ ဆယ်လ်ဖီစံချိန်ဟာ သုံးမိနစ်အတွင်း ဆယ်ဖီပုံ ၁၀၅ ပုံ ရိုက်နိုင်တာပါပဲ။
(၂) ဂျက်စတင်ဘီဘာ
Photo: Guinness World Records
ဂျက်စတင်ဘီဘာဟာ ဆယ်ကျော်သက်ကတည်းက ထိပ်ထိပ်ကြဲအောင်မြင်လာခဲ့တဲ့ ကနေဒီယန်အဆိုတော်ပါ။ YouTube ပေါ်က သူ့ရဲ့ တရားဝင် VEVO channel ဟာ တစ်ဦးချင်း လူကြည့်အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ၂၀၀၉ ကနေ ၂၀၁၆ အထိ သူ့ချန်နယ်မှာ ဗွီဒီယိုပေါင်း ၁၂၀ တင်ထားပြီး ကြည့်ရှုမှုအကြိမ်ရေဟာ ၁၀၄၇၈၆၅၁၃၈၉ အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရီဟားနားရဲ့ စံချိန်ဖြစ်တဲ့ ၆၈၈၄၈၈၄၈၇၃ ကို ချိုးခဲ့တာပါ။
(၃) BTS
Photo: Guinness World Records
ကိုရီးယားပေါ့ပ်ဂီတရဲ့ ထိပ်ထိပ်ကြဲ အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ BTS ကလည်း GWR စံချိန်တင်ထားတာ ရှိပါတယ်။ BTS ရဲ့ Boy With Luv သီချင်းဟာ ၂၄ နာရီအတွင်း YouTube မှာ လူကြည့်အများဆုံးစံချိန်တင်ခဲ့ပါတယ်။ ၂၀၁၉ ဧပြီ ၁၂ နဲ့ ၁၃ ရက်အတွင်း Boy With Luv သီချင်းဟာ ကြည့်ရှုတဲ့အကြိမ်ရေ ၇၄၆၀၀၀၀၀ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
(၄) စနုဒေ့ါဂ်
Photo: Guinness World Records
စနုဒေါ့ဂ်ရဲ့ စံချိန်က ခပ်ဆန်းဆန်းပါပဲ။ ၂၀၁၈ ခုနှစ်မှာ စနုဒေါ့ဂ်ဟာ ကမ္ဘာ့အကြီးဆုံး ပါရာဒိုက်စ်ကော့တေးလ်ကို ဖျော်စပ်ရင်း စံချိန်တင်ခဲ့ပါတယ်။ ဒီကော့တေးလ်မှာ ၁.၇၅ လီတာဆန့် ဂျင် ၁၈၀ ဗူး ၊ တရုတ်ဆီးသီးဘရန်ဒီ ၁ လီတာဗူးပေါင်း ၁၅၆ ဗူး နဲ့ လိမ္မော်ဖျော်ရည် ၃.၇၈ လီတာဆံ့ ဂျားပေါင်း ၂၈ ခု ပါဝင်တာပါ။ နောက်တော့ ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ BottleRock Napa Valley ဂီတပွဲတော်မှာ VIPs ပုဂ္ဂိုလ်တွေကို တည်ခင်းဧည့်ခံခဲ့ရပါတယ်။
(၅) အမ်မီနမ်
Photo: Business Insider
ကမ္ဘာကျော် ရက်ပ်ပါတစ်ဦးဖြစ်တဲ့ အမ်မီနမ်ဟာ Rap God သီချင်းမှာ ၆ မိနစ် ၄ စက္ကန့်အတွင်း စကားလုံးပေါင်း ၁၅၆၀ ကို ရွတ်ခဲ့ပါတယ်။ တစ်စက္ကန့်ကို စကားလုံး ၄.၂၈ နှုန်းနဲ့ လျှာကို အသွက်ဆုံး စကားလုံးတွေ ရွတ်ပြခဲ့တာ ဖြစ်ပါတယ်။ ၁၅ စက္ကန့် တစ်ဖြတ်စာမှာတော့ စကားလုံးပေါင်း ၉၇ ခုအထိ ရွတ်ဆိုသွားခဲ့တာပါ။