အိပ်စက်ခြင်းကလူတစ်ယောက်အတွက် အရေးကြီးဆုံးအရာတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ အရွှယ်ရောက်ပြီးသူတိုင်းဟာ တရက်ကိုအနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အိပ်ရေးပျက်တဲ့ရက်တွေများလာမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကိုဆိုးရွှားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ညဘက်တွေမှာကောင်းစွာအိပ်ပျော်နိုင်ဖို့ သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ပုံမှန်အိပ်ချိန်သတ်မှတ်ထားပါ

Source : ABC News

ပုံမှန်အိပ်ချိန်စက်ထားရှိခြင်းက ကောင်းစွာအိပ်ပျော်စေနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ဥပမာ ညတိုင်း ၁၀ နာရီအိပ်ရာဝင်မယ်ဆိုတာမျိုး တိတိကျကျသတ်မှတ်လိုက်ပါ။ အလေ့အကျင့်တစ်ခုက အချိန်ကြာလာတာနဲ့ ကျင့်သားရလာပြီး ကိုယ်သတ်မှတ်ထားတဲ့ အချိန်ရောက်တာနဲ့ အိပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

(၂) နေ့ခင်းနေ့လည် အိပ်စက်ခြင်းကိုရှောင်ပါ

Source : Shutterstock

နေ့ခင်းနေ့လည်မှာ တမှေးအိပ်စက်တက်တဲ့အကျင့် လူအများမှာရှိပါတယ်။ သို့သော်လည်း သတိထားရမှာတစ်ခုက နေ့ခင်းနေ့လည်ဘက်မှာ မိနစ် ၂၀ ထက်ပိုပြီး မအိပ်စက်မိဖို့ပါပဲ။ အချိန်ကြာကြီးအိပ်ထားလိုက်မယ်ဆိုရင် ညဘက်မှာမျက်စိကြောင်ပြီး အိပ်ပျော်ရခက်စေမှာပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ

Source : Al Bawaba

နေ့စဉ် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေပြီး ညဘက်မှာကောင်းစွာအိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် တရက်ကို နာရီဝက်လောက်ပုံမှန်အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ သင့်ကိုကောင်းစွာ အိပ်ပျော်စေမယ်ဆိုတာ သေချာပါတယ်။

(၄) သာယာနာပျော်ဖွယ်သီချင်းလေးတွေဖွင့်ပါ

Source : Freepik

ညအိပ်ခါနီးအချိန်မှာ သာယာနာပျော်ဖွယ် ဂီတသံစဉ်လေးတွေက သင့်ရဲ့စိတ်ကိုပြေလျော့စေပြီး စိတ်တည်ငြိမ်အေးချမ်းစေကာ ငိုက်မြည်းလာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှာ သာယာနာပျော်ဖွယ်သီချင်းလေးတွေဖွင့်ထားမယ်ဆိုရင် ကောင်းစွာအိပ်ပျော်စေမှာဖြစ်ပါတယ်။