လူတိုင်းလူတိုင်း ဘဝကိုပျော်ရွှင်စွာပဲဖြတ်သန်းချင်ကြမယ်ဆိုတာ သေချာပါတယ်။ ပျော်ရွှင်မှုက တကယ်တော့ သင့်ရဲ့လက်ထဲမှာပဲရှိပါတယ်။ ဒီဆောင်းပါးလေးကနေ သင်ဟာ ပျော်ရွှင်တဲ့ လူသားတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်သွားနိုင်ဖို့ လိုက်နာရမယ့်အချက် (၄) ချက်ကိုပြောပြပေးချင်ပါတယ်။

(၁) ရယ်မောဖို့မမေ့ပါနဲ့

ရယ်မောခြင်းက စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးနိုင်တဲ့အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ ရယ်မောခြင်းနဲ့အတူ သင့်ဘဝရဲ့ပျော်ရွှင်မှုတွေကိုရယူခံစားနိုင်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာများများရယ်မောရမယ့်အရာလေးတွေလုပ်ဆောင်ပါ။ ရယ်စရာကောင်းတဲ့ ဟာသကားတွေကြည့်တာမျိုး ဘော်ဒါတွေနဲ့ ရယ်စရာလေးတွေပြောတာမျိုးနဲ့ အားရပါးရ ရယ်မောလိုက်ပါ။

(၂) သောကမများပါနဲ့

သောကဆိုတာလူတိုင်းမှာ အနည်းနဲ့အများရှိကြစမြဲပါ။ သို့သော် ခံယူတဲ့လူပေါ်မူတည်ပြီး သောကရဲ့ အကျိုးသက်ရောက်မှုကတော့ ကွာသွားပါလိမ့်မယ်။ သင့်အနေနဲ့ တစ်ခုခု စိတ်ညစ်စရာရှိတယ်ဆိုရင်တောင်ထိုင်ပြီးသောကများနေမယ့်အစား ပေါ့ပေါ့ပါးပါးစိတ်ကိုထားပြီး လုပ်စရာရှိတာဆက်လုပ်ပါ။ သောကနည်းလေပျော်ရွှင်ရလေပါပဲ။

(၃) စိတ်ဖိစီးမှုလျော့ချပါ

စိတ်ဖိစီးမှုတွေက သင့်ဘဝကိုကောင်းကျိုးသက်မှုမရှိတဲ့အရာတစ်ခုပါ။ စိတ်ဖိစီးမှုတွေကို တားဆီးလို့မရနိုင်ပေမယ့် ကိုယ်အနေနဲ့ အတက်နိုင်ဆုံးစိတ်ဖိစီးမှုလျော့နည်းအောင်နေထိုင်လို့ရပါတယ်။ ပုံမှန်ထက်အတွေးလွန်တာတွေ ကြောက်စိတ်လွန်ကဲတာတွေ စိုးရိမ်စိတ်တွေကိုလျော့ချလိုက်ပါ။ စိတ်ကိုတည်ငြိမ်စေမယ့် အရာလေးတွေ ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်ပါ။

(၄) အားကစားလိုက်စားပါ

စိတ်ချမ်းသာ ကိုယ်ကျန်းမာဆိုတဲ့စကားလေးအတိုင်း ကိုယ်ကျန်းမာမှ စိတ်လည်းချမ်းသာနိုင်မှာပါ။ ဒါကြောင့် ငယ်ရွှယ်စဉ်ကတည်းကကိုယ့်အနေနဲ့ ကျန်းမာရေးကိုအလေးထားပြီး အားကစားတစ်ခုခုပုံမှန်လုပ်ဆောင်ပါ။ အားကစားလုပ်ခြင်းက ကိုယ်ခန္ဓာကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါအထောက်အကူဖြစ်စေပါတယ်။

Photo Source : Shutterstock