အလုပ်နားရက်ဆိုတာ စိတ်နဲ့ခန္ဓာကိုယ်ကို ကောင်းစွာအနားယူအပန်းဖြေပေးသင့်တဲ့ ရက်နေ့တစ်ရက်ပါပဲ။ အများစုကတော့ အလုပ်နားရက်ဆိုရင် ဆိုရှယ်မီဒီယာတွေသုံးပြီး အနားယူကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာသုံးတာထက်ပိုပြီး အစွမ်းထက်တဲ့ အနားယူနည်းတွေရှိပါတယ်။ ဘယ်လိုအနားယူနည်းတွေလဲဆိုတော့…

(၁) စာအုပ်ဖတ်ခြင်း

Source : Shutterstock

စာအုပ်ဖတ်ခြင်းက အနားယူနည်းများစွာထဲမှာအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ရောခန္ဓာကိုယ်ပါအနားပေးနိုင်တဲ့အပြင် ဗဟုသုတလည်းတိုးစေပါတယ်။ ဒါကြောင့် အလုပ်နားရက်ကိုစာအုပ်လေးတစ်အုပ် ကော်ဖီလေးတစ်ခွက်နဲ့ ကောင်းစွာအနားယူလိုက်ပါ။

(၂) ရုပ်ရှင်ကြည့်ပါ

Source : Shutterstock

ရုပ်ရှင်ဇာတ်ကားတွေကြည့်တာက စိတ်လက်ပေါ့ပါးစေတဲ့ အနားယူနည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အလုပ်နားရက်မှာ ရုပ်ရှင်ဇာတ်ကားလေးတွေကြည့်ပါ။ စိတ်ပျော်ရွှင်စေမယ့် comedy movies လေး ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ပျော်စရာဇာတ်ကားလေးတွေကြည့်ပါ။

(၃) တူရိယာတစ်ခုခုတီးပါ

Source : Shutterstock

ဂီတတူရိယာလေးတွေတီးခတ်ခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုလျော့ကျသက်သာစေပါတယ်။ ဂစ်တာ ပီယာနို တယော စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ တူရိယာလေးတွေကို အားလပ်ချိန်မှာတီးခတ်ကြည့်ပါ။ ပျော်ရွှင်မှုတိုးစေပြီး ထိရောက်တဲ့အနားယူခြင်းကိုရစေမှာပါ။

(၄) မုန့်လုပ်စားပါ

Source : Freepik

အပြင်စားတွေပဲ အမြဲစားမယ့်အစား အလုပ်နားရက်မှာ ကိုယ်တိုင်အိမ်မှာချက်ပြုတ်ပြီး အရသာရှိတဲ့မုန့်လေးတွေလုပ်စားကြည့်ပါ။ ကိုယ်တိုင်အိမ်မှာချက်ပြုတ်ရတာက တကယ့်ကိုပျော်စရာကောင်းပါတယ်။ ကိုယ်ဖန်တီးထားတဲ့လက်ရာကိုမိသားစုတွေနဲ့အတူတူဝိုင်းဖွဲ့ပြီး စားကြသောက်ကြတာက တကယ့်ကိုအပန်းဖြေစေတဲ့ အလုပ်နားရက်လေးဖြစ်စေမှာပါ။