ရယ်မောပျော်ရွှင်ရတဲ့ ဟာသရုပ်ရှင်ဇာတ်ကားတွေကြည့်ရတာကို ကလေးတွေရောလူကြီးတွေပါကြိုက်နှစ်သက်ကြပါတယ်။ Comedy Movies တွေကြည့်တာဟာတကယ်တော့ ရယ်မောခြင်းထက်ပိုတဲ့ ကောင်းကျိုးတွေရှိပါတယ်။ ဘယ်လိုကောင်းကျိုးတွေဖြစ်မလဲဆိုတာလေ့လာကြည့်လိုက်ပါအုန်း။

Source : World Laughter Tour

စိတ်ဖိစီးမှုလျော့ကျစေတယ် – ရယ်မောခြင်းက cortisol နဲ့ epinephrine စတဲ့ စိတ်ဖိစီးမှုဟော်မုန်းပမာဏ ကိုလျော့ကျစေပါတယ်။ လူတစ်ယောက်ကရယ်မောလိုက်တဲ့အခါ စိတ်ရော ကိုယ်ခန္ဓာနှစ်ခုလုံးအတွက် သက်သောင့်သက်သာဖြစ်စေပြီး စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေတယ်လို့ သုတေသီတွေကဆိုထားပါတယ်။

ကြွက်သားတွေပြေလျော့စေတယ် – ရယ်မောပျော်ရွှင်စရာကောင်းတဲ့ Comedy Movies တွေကြည့်ခြင်းက ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်စီးဆင်းမှုကို တိုးစေပြီးကြွက်သားတင်းမာမှုကိုသက်သာစေပါတယ်။

သွေးပေါင်ချိန်လျော့ကျစေတယ် – အထူးသဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၂ နာရီခန့်ကြာမြင့်ပါတယ်။ ဒီလိုမျိုးအချိန်ကြာမြင့်စွာ ရယ်မောခြင်းက သင်ရဲ့နှလုံးခုန်နှုန်းကိုတိုးတက်စေပြီး သွေးပေါင်ချိန်လျော့ကျလာစေဖို့ ကူညီပေးပါတယ်။

Source : Daily Hive

ကယ်လိုရီလောင်ကျွမ်းစေတယ် – ရယ်မောစေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကြည့်ခြင်းက ကယ်လိုရီလောင်ကျွမ်းစေဖို့လည်း ကူညီပေးပါတယ်။ Vanderbilt တက္ကသိုလ်မှသုတေသီတစ်ဦးရဲ့လေ့လာချက်အရ ၁၀-၁၅ မိနစ်ခန့်လောက် ရယ်မောရုံနဲ့ ကယ်လိုရီ ၅၀ အထိလောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။

သွေးသကြားဓာတ်ကိုထိန်းညှိပေးတယ် – Tsukuba တက္ကသိုလ်မှသုတေသီများရဲ့လေ့လာတွေ့ရှိချက်များအရ ဟာသရုပ်ရှင်ဇာတ်ကားကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောခြင်းက သွေးသကြားပမာဏ ထိန်းညှိပေးနိုင်တယ်လို့ဆိုပါတယ်။ နေ့စဉ်ရယ်မောခြင်းဟာ ဆီးချိုရောဂါကိုလည်း ကာကွယ်ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။