တကယ်လို့ သင်က ဘာဖြစ်လို့အမြဲတမ်းအိပ်ငိုက်သလို ခံစားနေရတာလဲ မသိဘူးလို့တွေးနေတယ်ဆိုရင် ဒါကသင်ယောက်တည်းမဟုတ်ပါဘူး။ လူအများစုက တပတ်မှာ ရက်တော်တော်များများ အမြဲပင်ပန်းနေတယ်လို့ ခံစားနေရတယ်လို့ ဆိုပါတယ်။ အိပ်ငိုက်မှုကိုပြေပျောက်စေဖို့ ကော်ဖီတွေ၊ energy drink တွေသောက်ပေမယ့်ခဏပါပဲ။ ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ ? နေ့ရက်တိုင်းလန်းဆန်းမှုရှိအောင်ဘာတွေလုပ်ရမလဲ? ဆိုတာအောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

(၁) အိပ်စက်မှုအရည်အသွေး မကောင်းတာ

Source : Health

ပထမဆုံးအဆင့်ကတော့ ကောင်းမွန်သော အိပ်စက်မှုပုံစံရှိမရှိကို စစ်ဆေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသား သူတွေအနေနဲ့ တညကိုအနည်းဆုံး ၇နာရီအိပ်စက်ဖို့လိုပါတယ်။ သင့်အနေနဲ့ ညစဉ်အိပ်ချိန် ၇နာရီပြည့်အောင် အိပ်စက်မှုပုံစံရှိပါသလား။ တကယ်လို့ သင်က ညအိပ်ချိန် ၇နာရီပြည့်ပေမယ့် မကြာခဏနိုးတာမျိုးဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပြုပါတယ်။

(၂) စိတ်ဖိစီးမှုများတာ

Source : Pinterest

သင့်မှာ စိတ်ဖိစီးမှုရှိနေတယ်ဆိုရင် စိတ်ကသိကအောက်ဖြစ်စေရုံသာမက အမြဲပင်ပန်းနွယ်နယ်မှုကို ခံစားရစေပါတယ်။ ဒါ့အပြင် ညအိပ်အနားယူရန်ခက်ခဲစေပြီး ပင်ပန်းမှုကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုများတာက သင့်ရဲ့တနေ့တာကို မလန်းမဆန်းဖြစ်စေနိုင်တဲ့အကြောင်းအရင်းတခုဖြစ်တဲ့အတွက် ဝါသနာပါတဲ့အရာတွေလုပ်တာ၊ အကောင်းမြင်စိတ် ထားတတ်အောင်လေ့ကျင့်တာတွေ လုပ်ပေးသင့်ပါတယ်။

(၃) သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံမရှိတာ

Source : 123RF.com

ဗီတာမင်နဲ့သတ္တုဓါတ်ချို့တဲ့ခြင်းက ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ သံဓါတ်၊ ဗီတာမင် B12၊ Omega 3 Fatty Acid နဲ့ ဗီတာမင်ဒီချို့တဲ့တာတွေ အဓိကပါဝင်ပါတယ်။ ဒါ့ကြောင့် အမြဲပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရတာကို သက်သာအောင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီများ၊ သကြားဓါတ်များတဲ့အစားအစာများနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

(၄) ရေဓါတ်နည်းတာ

Source : 123RF.com

ရေငတ်ခြင်းက ခံတွင်းကိုခြောက်သွေ့စေပါတယ်။ ဒါကလည်း ပင်ပန်းနွယ်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတခုဖြစ်ပါတယ်။ ရေဓါတ်ခန်းခြောက်တဲ့အခါ ချွေးထွက်လွန်တာ၊ ဝမ်းလျှောတာနဲ့ အော့အန်တာတွေအထိဖြစ်ပွားနိုင်ပါတယ်။