ဒီနေ့ခေတ်မှာ ကခုန်တာကိုလူတော်တော်များများသဘောကျလာကြပါပြီ။ ကျွမ်းကျင်အကပြိုင်ပွဲတွေ၊ ရုပ်မြင်သံကြားကတင်ဆက်တဲ့အစီအစဉ်တွေအပြင် ကျန်းမာရေးအတွက်ကခုန်တာတွေကိုပါ တွေ့လာရပါတယ်။ လေ့လာမှုတွေအရ ကခုန်ခြင်းဟာသင့်စိတ်နဲ့ကိုယ်ခန္ဓာကျန်းမာအောင်ထိန်းသိမ်းရန်အတွက် အကောင်းဆုံးနည်း လမ်းတခုဖြစ်ပါတယ်။ ဆက်ပြီးတော့ ကခုန်ခြင်းနဲ့ပတ်သတ်တဲ့ အကျိုးကျေးဇူးတွေကိုပြောပြပေးပါမယ်။
Source : Active Calendar – Dude Solutions
မှတ်ဉာဏ်စွမ်းရည်ကိုမြှင့်တင်ပေးတယ် – နယူးအင်္ဂလန်ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုတခုအရ ကခုန်ခြင်းကသင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုမြှင့်တင်ပေးပြီး အသက်ကြီးတာလာနဲ့ အမျှဖြစ်တတ်တဲ့ စိတ်ကစဉ်ကလျားရောဂါဖြစ်တာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ သိပ္ပံပညာအရလဲ အေရိုဗစ်လေ့ကျင့်ခန်းက မှတ်ဉာဏ်ကိုထိန်းချုပ်ပေးတဲ့ ဦးနှောက် အစိတ်အပိုင်းကိုကောင်းမွန်စေတာကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုကိုတားဆီးပေးနိုင်ပါတယ်။
ဝိတ်ကျစေတယ် – ကခုန်ခြင်းက ထိခိုက်နိုင်မှုအနည်းဆုံးလေ့ကျင့်ခန်းလို့ပြောလို့ရပါတယ်။ စက်ဘီးစီးတာ၊ ပြေးတာက ဒူးနာကျင်စေတယ်ဆိုရင် ကခုန်ခြင်းကသိမ်မွေ့တဲ့လှုပ်လျားမှုပုံစံဖြစ်ပါတယ်။ ကခုန်မှုပုံစံအမျိုးမျိုးဟာ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဝိတ်ချနည်းတမျိုးဖြစ်ပြီး ကြွက်သားခံနိုင်ရည်ကိုလဲကောင်းစေပါတယ်။
နှလုံးကျန်းမာရေးကို ကူညီပေးတယ် – ကခုန်ခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူတွေအတွက်လဲ အလွန်ကောင်းတဲ့လှုပ်လျားမှုတခုဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းအတွက် စက်ဘီးစီးတဲ့သူ၊ ပြေးတဲ့တွေလိုပဲ နှလုံးရောဂါဝေဒနာရှင်တွေအတွက် ကခုန်ပေးတဲ့အခါ နှလုံးကျန်းမာရေးနဲ့ အသက်ရှုမဝတာတို့လို ရောဂါအခြေအနေတွေ တိုးတက်ကောင်းမွန်လာတာ တွေ့ရကြောင်း လေ့လာမှုတခုကဖော်ပြထားပါတယ်။
Source : Favim.com
မိတ်ဆွေတိုးပွားစေတယ် – အကသင်တန်းတခုဟာ သူငယ်ချင်းအသစ်တွေရတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးပိုတိုးတက်လာစေတဲ့ အကောင်းဆုံးနေရာတခုဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ပေါင်းသင်းဆက်ဆံမှုကိုထိန်းသိမ်းတာက လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးတာတို့လို အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုလျော့နည်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။