စာဖတ်သူဟာ ဆေးလိပ်ဖြတ်ဖို့စဉ်းစားနေသူတစ်ယောက်လား။ ဆေးလိပ်ဖြတ်တာ ကောင်းတယ်လို့ များသောအားဖြင့်သိထားပေမယ့် ဘယ်လိုကောင်းကျိုးတွေရှိတာလဲ။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲတိုးတက်လာမလဲသိချင်ရင်တော့ ဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါ။

Source : Six Sigma Daily

စိတ်ဖိစီးမှုလျော့ကျစေတယ် – လေ့လာမှုတွေအရ ဆေးလိပ်စဖြတ်တဲ့အချိန်မှာ နီကိုဒင်းပြတ်လပ်မှုကြောင့် ခေါင်းကိုက်ခြင်း မအီမသာဖြစ်ခြင်းတွေဖြစ်တက်ပေမယ့် ဆေးလိပ်ဖြတ်ပြီး ၃ ပတ်မြောက်မှာ ပုံမှန်ထက် စိတ်ဖိစီးမှုပမာဏလျော့သွားစေတယ်လို့ဆိုပါတယ်။

စိတ်ရောကိုယ်ပါကျန်းမာလာစေတယ် – သင့်အနေနဲ့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ခန္ဓာကိုယ်ရုပ် ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပါတိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး သိသိသာသာနေထိုင်လို့ပိုကောင်းလာမှာဖြစ်ပါတယ်။

နုပျိုလာစေတယ် – ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်နဲ့ ဓာတုပစ္စည်းတွေကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိစေပါတယ်။ သို့သော်ဆေးလိပ်ဖြတ်ပြီး ၂ ပတ်အကြာမှာ အရေပြားဆဲလ်အသစ်တွေပြန်လည်မွေးဖွားလာပြီး အသားအရေနုပျိုကာ သင့်ကို ငယ်ရွှယ်တဲ့ အသွင်ဆောင်စေမှာဖြစ်ပါတယ်။

Source : Medical News Today

ငွေကုန်ကျသက်သာတယ် – ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ငွေထွက်ပေါက်ဖြစ်စေတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်မှာအပိုငွေထွက်ပေါက်လျော့နည်းသွားမှာဖြစ်ပါတယ်။