တစ်ခါတစ်လေမှာ တစ်ယောက်တည်းအထီးကျန်သလိုခံစားရတဲ့ ခံစားမှုမျိုးလူတိုင်းကြုံဖူးပါလိမ့်မယ်။ တစ်ယောက်တည်းနေမှ အထီးကျန်တယ်လို့ခံစားရတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာခံစားချက်များအရ အထီးကျန်ခြင်းဝေဒနာကိုခံစားရတက်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ သင့်အနေနဲ့ အထီးကျန်တယ်လို့ခံစားရတဲ့အခါ လုပ်ဆောင်သင့်တဲ့အရာလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) စိတ်ကိုကုစားပါ

Source : Shutterstock

အထီးကျန်ခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတစ်ခုဖြစ်တာကြောင့် စိတ်ကိုပြန်လည်ကျန်းမာလာအောင် အရင်ဆုံးကုစားဖို့လိုပါတယ်။ စိတ်ကိုတည်ငြိမ်စေမယ့် တရားထိုင်အလေ့အကျင့်မျိုး ယောဂလေ့ကျင့်ခန်းတွေပြုလုပ်တာမျိုး စိတ်ပျော်စေမယ့် ပျော်စရာအရာလေးတွေလုပ်တာမျိုးနဲ့ ကိုယ်ကိုယ်ကိုပိုဂရုစိုက်ပေးပါ။

(၂) အာရုံပြောင်းကြည့်ပါ

Source : Shutterstock

အထီးကျန်တယ်လို့ခံစားတဲ့အခါ သင့်ရဲ့စိတ်ကိုအပြောင်းအလဲဖြစ်စေမယ့် အရာလေးတွေလုပ်ဆောင်ပြီး အာရုံပြောင်းလိုက်ပါ။ ဥပမာ ကိုယ်ဝါသနာပါတဲ့အရာတွေကိုအချိန်ပေးပြီလုပ်ဆောင်တာမျိုး ဖန်တီးမှုပါတဲ့အရာလေးတွေလုပ်ဆောင်တာမျိုး သင်တန်းတစ်ခုခုကို Join လိုက်တာမျိုးနဲ့ အာရုံပြောင်းကြည့်ပါ။

(၃) ခွေးလေးတစ်ကောင်လောက်မွေးပါ

Source : Medical News Today

ခွေးလေးတွေကဲ့သို့ အိမ်မွေးတိရစ္ဆာန်လေးတွေက လူတွေအတွက်အကောင်းဆုံး အဖော်ပြုပေးတဲ့ မိတ်ဆွေကောင်းလေးတွေပါ။ လေ့လာမှုတွေအရလည်း ခွေးလေးတွေကဲ့သို့ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးတဲ့ သခင်တွေဟာ စိတ်ဖိစီးမှုလျော့နည်းပြီး အထီးကျန်ခြင်းကင်းဝေးတယ်လို့လေ့လာသူတွေကဆိုပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ

Source : Study Finds

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကိုကောင်းမွန်စေဖို့အတွက် အထောက်အပံ့ကောင်းဖြစ်ပါတယ်။ ကိုယ်ခန္ဓာကျန်းမာခြင်းတွေရစေရုံသာမက စိတ်ကိုလည်းကျန်းမာနုပျိုစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေလျော့နည်းပြီး အထီးကျန်ဝေဒနာကိုကုစားချင်တယ်ဆိုရင်တော့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလိုက်စားဖို့အကြံပြုချင်ပါတယ်။