လူတိုင်းလိုလို အသေအမွှားကိစ္စလို့ထင်ရတဲ့ အလေ့အထအမှားလေးတွေ လုပ်မိတက်ကြပါတယ်။ မြင်သာတဲ့ အလေ့အထတစ်ခုကိုပြောပါဆိုရင် အိပ်ရေးပျက်ခံခြင်းပါပဲ။ ဟုတ်ပါတယ် ဒီလိုမျိုး တချို့သောအလေ့အထတွေက လက်တလောမသိသာပေမယ့် ရေရှည်မှာကျန်းမာရေးကိုဆိုးရွှားစွာထိခိုက်လာစေနိုင်ပါတယ်။ဒီနေ့မှာတော့လူတိုင်းလုပ်မိတက်တဲ့ ကျန်းမာရေးကိုထိခိုက်လာစေနိုင်တဲ့ အလေ့အထအမှားတွေအကြောင်းပြောပြပေးချင်ပါတယ်။
(၁) မနက်စာမစားခြင်း

မနက်စာဟာ လူ့ခန္ဓာကိုယ်ကောင်းစွာလည်ပတ်နိုင်ဖို့အတွက် များစွာအရေးပါတယ် လို့ပြောလို့ရပါတယ်။မနက်စာကိုကျော်သွားမယ်ဆိုရင်တနေ့တာလုံးမှာ အားအင်ကုန်ခမ်းခြင်း ပင်ပန်းနွမ်းနယ်ခြင်းတွေဖြစ်စေနိုင်သလို နေ့လည်ဘက်မှာအလွန်အကျွံစားမိဖို့ရာခိုင်နှုန်းများပြီး အဝလွန်ခြင်းကိုလည်းဖြစ်လာစေနိုင်ပါတယ်။
(၂) အချိုဓာတ်လွန်ကဲခြင်း
![]()
ချိုတဲ့အစားအစာတွေကိုလူတိုင်းနှစ်သက်ကြပါတယ်။ များသောအားဖြင့် တနေ့တာမှာအချိုရည် ရေခဲမုန့် လိုအစားအစာတွေကို စားမိတက်ကြတာပါ။ တကယ်တော့အချိုဓာတ်လွန်ကဲစွာစားခြင်းက ဆီးချို နှင့် အဝလွန်ခြင်းတွေကိုဖြစ်စေနိုင်တာကြောင့် အချိုစားသုံးမှုနှုန်းကိုလျော့ချဖို့ လိုအပ်ပါတယ်။
(၃) လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာက ပျင်းစရာကောင်းတဲ့အလေ့အထတစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အချိန်မရှိလို့ မအားသေးလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ တော်ရုံလေ့ကျင့်ခန်းလုပ်ဖို့ကို ရှောင်ပယ်နေမိတာပါ။ တကယ်တော့ခန္ဓာကိုယ်မှာ လှုပ်ရှားမှုနည်းရင် ကျန်းမာခြင်းတွေလည်းတဖြေးဖြေးအားယုတ်လာပြီး ကိုယ်ခံအားစနစ်ပါကျဆင်းကာ မကြာခဏဖျားနာတာမျိုး နာတာရှည်ရောဂါတွေဝင်လာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
(၄) အချိန်ကြာမြင့်စွာဖုန်းသုံးခြင်း

လက်ထဲမှာဖုန်းကိုင်လိုက်တာနဲ့ အချိန်တော်တော်များများကုန်ဆုံးသွားစေတက်ပြီး အချိန်ကြာမြင့်စွာဖုန်းသုံးခြင်းရဲ့ နောက်ကွယ်မှာဆိုးကျိုးတွေများစွာသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်းကလည်း အချိန်ကြာမြင့်စွာဖုန်းသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။
