ဝိတ်ကျဖို့ဆိုတာ ဆန္ဒရှိရုံနဲ့တော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ်လက်တွေ့လုပ်ဆောင်ဖို့လိုသလို စိတ်ရှည်ဖို့လည်းလိုပါတယ်။ ဒီတစ်ခေါက်တာ့ တကယ်ပဲဝိတ်ချမယ်လို့ ဆုံးဖြတ်လိုက်တဲ့လူတွေအတွက် လပိုင်းအတွင်းမှာသိသိသာသာဝိတ်ကျစေမယ့် ထိရောက်တဲ့နည်းလမ်းတချို့ကိုပြောပြပေးလိုက်ပါမယ်။

Source : HypnoTC
မနက်စာကိုမကျော်သွားပါနဲ့ – အမှန်တကယ်ဝိတ်ကျချင်တယ်ဆိုရင် မနက်စာမစားပဲနေတာမျိုးလုံးဝရှောင်ကျဉ်ပါ။ မနက်ခင်းမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မနက်စာကိုစားမယ်ဆိုရင် တနေ့တာလုံးမှာ အစားစားချင်စိတ်ကိုလျော့ချပေးပါတယ်။
ဖြေးဖြေးစားပါ – အစားအစာတဲ့အခါ ဖြေးဖြေးနှင့် မှန်မှန်လေးပဲ စားပေးသင့်ပါတယ်။ အစားကိုမြန်မြန်စားတာက ဗိုက်ပြည့်မှန်းမသိသာစေပဲ အလွန်အကျွံစားနေမိတက်ပါတယ်။ ဒါကြောင့်အစားအစာတဲ့ အခါဖြေးဖြေးချင်းပဲစားပါ။ ဖြစ်နိုင်ရင် ပုံမှန်စားနေကျ ပန်းကန်ဆိုဒ်ထက်သေးတဲ့ ပန်းကန်နဲ့စားပေးမယ်ဆိုရင် အစားစားတဲ့ပမာဏလျော့ကျပြီး ဝိတ်ကျဖို့အတွက် အထောက်အကူပိုဖြစ်စေပါတယ်။
ဟင်းသီးဟင်းရွက်များများစားပါ – အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တာ ဗီတာမင်ဓာတ် သတ္တုဓာတ်အများစုက အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေကရရှိတာဖြစ်ပြီး အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် ကိုယ်အလေးချိန်ကျရန်အတွက် ကူညီပေးပါတယ်။

Source : Depositphotos
လှုပ်လှုပ်ရှားရှားနေပါ – တနေ့တာမှာ အထိုင်များတဲ့အချိန်တွေ လှဲနေတာမျိုးတွေရှောင်ကျဉ်ပါ။ အတက်ဆုံး ခန္ဓာကိုယ်ကို Active ဖြစ်နေအောင်နေသင့်ပါတယ်။ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားနေပေးတာက ကယ်လိုရီများများလောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်လျော့ကျစေမှာဖြစ်ပါတယ်။
ရေများများသောက်ပါ – တစ်ခါတစ်လေမှာ အများစုက ရေငတ်ခြင်းနဲ့ ဆာလောင်မှုကြားမှာ ရောထွေးနေတက်ကြပါတယ်။ ခန္ဓာကိုယ်ကအမှန်တကယ်ရေဆာတာဖြစ်ပေမယ့် ဗိုက်ဆာတယ်အထင်နဲ့ အစားတွေစားမိတက်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဗိုက်ဆာတဲ့အခါ ရေ ၁ ခွက်အရင်သောက်ပါ။ ရေသောက်ခြင်းကအစားစာချင်စိတ်ကိုလျော့နည်းစေပြီး ခန္ဓာကိုယ်စွမ်းအင်ကိုမြင့်တင်ပေးပါတယ်။
အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာများကိုစားပါ – အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေက သင့်ကိုဗိုက်ပြည့်တယ်လို့ ခံစားရစေတာကြောင့် အဆိုပါအမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစားတွေစားပေးခြင်းက ကိုယ်အလေးချိန်ကျစေရန် အတွက်အကောင်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် အမျှင်ဓာတ်ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အုတ်ဂျုံ၊ wholegrain ၊ ဆန်လုံးညို နှင့်ပဲအမျိုးမျိုးတို့မှရနိုင်ပါတယ်။

Source : Shutterstock
Junk food တွေရှောင်ပါ – ချောကလက်၊ ဘီစကွတ် ၊ အာလူးကြော် ၊ အချိုရည်များ ၊ ဆီကြော်များ ၊ ပြုပြင်ထားတဲ့အသားများစတဲ့ အစားအစာတွေကို လုံးဝရှောင်ပါ။ အဆိုပါအစားအစာတွေ အစား သစ်သီးများ ၊ ဆားမပါတဲ့ ခရက်ကာများ ၊ အချိုမပါတဲ့ပေါက်ပေါက်ဆုတ် ၊ အုတ်ကွတ်ကီး ၊ အသီးဖျော်ရည်တွေကိုစားသုံးပေးနိုင်ပါတယ်။
အရက်ဖြတ်ပါ – အရက်တစ်ဖန်ခွက်မှာ ချောကလက်တစ်ခုကဲ့သိုပင်များစွာသော ကယ်လိုရီဓာတ်များပါဝင်ပါတယ်။ ဒါ့အကြောင့် အရက်ပုံမှန်သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်မြင့်တက်လာနိုင်တာကြောင့် ဝိတ်ချမယ်ဆုံးဖြတ်ပြီးရင် အရက် ဘီယာသောက်ခြင်းကိုရှောင်သင့်ပါတယ်။
