ဘဝတိုးတက်ရေးအတွက် ကြိုးစားနေကြတဲ့ ချစ်သူစုံတွဲတွေရဲ့ အချစ်ရေးတွေလည်း တစ်ယောက်တစ်နေရာစီအနေအထားကနေ မတက်နိုင် ဖြစ်နေကြပါပြီ။ အပြင်မှာ တွေ့ဖို့ မဖြစ်နိုင်တဲ့အခါ Long Distance Relationship တစ်ခုမှာ အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်အောင်ပဲ သင်ယူရမှာပါ။

(၁) နေ့တိုင်းကြီး ဖုန်းမပြောနဲ့

Photo: Freepik

အဆက်အသွယ်မပြတ်ဖို့က အရေးကြီးတယ်ဆိုပေမယ့် နေ့တိုင်းပဲ ၄-၅ နာရီကြာအောင် အဆက်အသွယ်လုပ်နေရင် ကြာတာနဲ့ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့သွားနိုင်ပါတယ်။ တစ်ပတ်မှာ ဖုန်းမပြောတဲ့ ရက်နည်းနည်း ချန်ထားကြည့်ပါ။ Relationship တစ်ခုကို ပိုပြီး သက်ဝင်ရွှင်မြူးစေပါလိမ့်မယ်။

(၂) အတူတူ မျှဝေခံစားနိုင်မယ့် အရာလေးတွေ လုပ်ကြည့်ပါ

Photo: Freepik

အနေဝေး‌ပေမယ့် အင်တာနက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ တစ်ယောက်နဲ့ တစ်ယောက် နီးအောင် လုပ်ပေးနိုင်တဲ့ အရာလေးတွေ ရှိပါတယ်။ ဥပမာ_ အွန်လိုင်းဂိမ်းအတူတူ ဆော့တာ ၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် အသံသွင်းပြီး ဖတ်ပြထားတဲ့ Audio Book လေးတစ်ခု ပို့ပေးတာမျိုးပါ။

(၃) Surprise လေးတွေ လုပ်ပေးပါ

Photo: Freepik

အတူတူ ရှိနေသလိုမျိုးပဲ ရင်ခုန်ကြည်နူးစရာလေးတွေ လုပ်ပေးဖို့ မမေ့ပါနဲ့။ အခုချိန်မှာ အွန်လိုင်း Delivery တွေကလည်း ခေတ်စားနေတာဆိုတော့ ကောင်မလေးဆီ ပန်းစည်းတို့ ၊ ကိုယ်ချက်ထားတဲ့ ဟင်း ဒါမှမဟုတ် သူမအတွက် အထူးအော်ဒါမှာထားတဲ့ မွေးနေ့ကိတ်တို့ ပို့ပေးလို့လည်း ရနိုင်တာပါပဲ။