၂၀၂၀-၂၁ ဥရောပချန်ပီယံလိဂ်ဖလား အုပ်စုပွဲစဉ်တွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကိုမဲခွဲဆုံးဖြတ်ခဲ့ရာ အုပ်စု (G) မှာတော့ ဂျူဗင်တပ်နဲ့ ဘာစီလိုနာ တို့တွေ့ဆုံနေတာကြောင့် ဘောလုံးဂုရုကြီးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။

Source: Goal
အုပ်စု (A) မှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်၊ အက်တလက်တီ၊ ဆဲလ်ဘတ်၊ လိုကိုမိုးတစ်မော်စကို တို့တွေ့ဆုံနေပါတယ်။
အုပ်စု (B) မှာတော့ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်၊ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်၊ ရှက်တာဒိုးနက် နဲ့ မိုချန်ဂလက်ဘတ် တို့အတူကျရောက်ခဲ့ပြီး အုပ်စု (C) မှာတော် ပရီးမီးယားလိပ်ထိပ်သီးကလပ် မန်စီးတီးက၊ ပေါ်တို၊ မာဆေးလ် နဲ့ အိုလီပီယာကို့စ်၊ တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Source: Draws UEFA Champions League
အုပ်စု (D) မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းက၊ အေဂျက် အတ္တလန္တာ နဲ့ အက်ဖ်စီ မစ်ဂျီလန်း တို့နဲ့ တွေ့ဆုံရမှာဖြစ်ပြီး အုပ်စု (E) မှာတော့ ချယ်ဆီး၊ ဆီဗီလာ၊ ခရာစ်နိုဒါ၊ နဲ့ ရန်းစ် အသင်းတို့တွေ့ဆုံနေပါတယ်။
အုပ်စု (F) မှာတော့ ဒေါ့မွန်၊ လာဇီယို၊ ဇင်းနစ် နဲ့ ဘရုချ်တို့ တအုပ်စုတည်းကျပါတယ်။ အုပ်စု (G) မှာတော့ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ဒိုင်နမိုကိဗ်၊ နဲ့ ဖီရန်ဗာရို့စ် တို့ ပါဝင်ခဲ့တာကြောင့် ရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ချန်ပီယံလိဂ် အားပြိုင်မှုကို စိတ်ဝင်စားဖွယ် တွေ့မြင်ကြရအုန်းမှာပါ။

Source: Head Topics
အုပ်စု (H) မှာတော့ မန်ချက်၊ ပီအက်စ်ဂျီ ၊ လိုက်ပ်ဇစ် နဲ့ ဘာဆက်ဆီဟာ တို့ရဲ့ အားပြိုင်မူကို မြင်တွေ့ရမှာပါ။ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို လာမယ့် အောက်တိုဘာ (၂၀) ရက်နေ့မှာ စတင်ကစားကြမှာဖြစ်ပြီး၊ ဖိုင်နယ်ကိုတော့ (၂၀၂၁) ခုနှစ် မေလ (၂၉) ရက်နေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကစားကြမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှု
အုပ်စု (A) ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ဆဲလ်ဘတ်၊ လိုကိုမိုးတစ်မော်စကို
အုပ်စု (B) ရီးရဲလ်၊ ရှက်တာဒိုးနက်၊ အင်တာမီလန်၊ မိုချန်ဂလက်ဘတ်
အုပ်စု (C) ပေါ်တို၊ မန်စီးတီး၊ အိုလီပီယာကို့စ်၊ မာဆေး
အုပ်စု (D) လီဗာပူး၊ အိုင်းယက်စ်၊ အတ္တလန္တာ၊ မစ်ဂျီလန်း
အုပ်စု (E) ဆီဗီလာ၊ ချဲလ်ဆီး၊ ခရက်စ်နိုဒါ၊ ရန်းနက်စ်
အုပ်စု (F) ဇင်းနစ်၊ ဒေါ့မွန်၊ လာဇီယို၊ ဘရုဂျက်
အုပ်စု (G) ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ဒိုင်နမိုကိဗ်၊ ဖီရန်ဗာရို့စ်
အုပ်စု (H) ပီအက်စ်ဂျီ၊ မန်ယူ၊ လိုက်ပ်ဇစ်၊ ဘာဆက်ဆီဟာ
