အေစီမီလန်သို့ အငှားဖြင့်သွားရောက်ကစားမယ့် ဒါလော့ နှင့် စိတ်ဝင်စားဖွယ်ရာ ဘောလုံးသတင်းတိုများ
အေစီမီလန်သို့ အငှားဖြင့်သွားရောက်ကစားမယ့် ဒါလော့

Source: Daily Mail
မန်ယူနောက်ခံကစားသမား ဒါလော့ဟာ စီးရီးအေး သို့အငှားဖြင့် သွားရောက်ကစားမယ်လို့ သိရပါတယ်။
အဆိုပါ အသက် (၂၁) နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ဆန်စီရို သို့ဆေးစစ်ဖို့အတွက် သွားရောက်ခဲ့ပြီးဖြစ်ကြောင်း အီတလီသတင်းတွေက ဖော်ပြနေကြပါတယ်။ ဒါလော့ဟာ (၂၀၁၈) ခုနှစ်တွင် မန်ယူအသင်းသို့ရောက်ရှိလာခဲ့ပြီး (၃၅) ပွဲသာပါဝင်ကစားခွင့်ရထားပါတယ်။
မန်ယူကစားသမား James ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ လိဒ်ယူနိုက်တက်

Source: TechnoSports
လိဒ်ယူနိုက်တက်ဟာ မန်ယူတောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ် ကိုပေါင် (၂၅) သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ မန်ယူအသင်းကတော့ သူတို့ရဲ့ကစားသမားကို လက်မလွှတ်ချင်ပေမယ့် အပြောင်းအရွှေ့မပိတ်ခင်မှာ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။
ဘာကာမှ တိုဒီဘို ဖူဟမ်သို့ပြောင်းရွှေ့ကစားမည်

Source: The Dabigal Blog
ဘာစီလိုနာ နောက်ခံကစားသာမး တိုဒီဘို ဟာ ဖူဟမ်သို့ ပေါင် (၁၆) သန်းဖြင့် ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပါတယ်။
အဆိုပါ အသက် (၂၀) အရွယ်ကစားသမားဟာ နည်းပြသစ်ဖြစ်သူ ကိုးမန်း လက်အောက်တွင် နေရာမရဖြစ်နေတာပါ။ ပရီးမီးယားလိဂ် ကလပ် ဖူဟမ်အသင်းဟာ ဘာစီလိုနာက တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကို ပေးချေဖို့အသင့်ရှိနေပါတယ်။
Bakayoko ကိုခေါ်ယူနိူင်ဖို့ အခွင့်သာနေတဲ့ နာပိုလီ

Source: Inside Futbol
နာပိုလီ နည်းပြဖြစ်သူ ဂက်တူဆို ဟာချဲလ်ဆီးကွင်းလယ်ကစားသမားဖြစ်သူ Bakayoko ကိုအငှားဖြင့် ခေါ်ယူလိုနေပါတယ်။
အဆိုပါ အသက် (၂၆) နှစ်အရွယကွင်းလယ်ကစားသမားကို အေစီမီလန်အသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေပေမယ့် နာပိုလီအသင်းက နှာတဖျားသာနေကြောင်း အီတလီသတင်းတွေက ဖော်ပြနေကြပါတယ်။ Bakayoko ဟာ ပြီးခဲ့တဲ့ ရာသီက မိုနာကို အသင်းမှာ အငှားဖြင့် သွားရောက်ကစားခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းမှာ ဂက်တူဆို နည်းပြစဉ်တုန်းကလည်း သွားရောက်ကစားဖူးပါတယ်။
