မန်ချက်စတာယူနိုက်တက်ဟာ PSG တိုက်စစ်မှုးဟောင်းဖြစ်သူ ကာဗာနီ ကိုစာချုပ်ချုပ်ဆိုသွားဖို့ အလွန်နီးစပ်နေကြောင်း Goal ကဖော်ပြထားပါတယ်။ အေးဂျင့်ဖြစ်သူကာကတော့ ဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကာဗာနီ၏အေးဂျင့်ဖြစ်သူက ယူရို (၁၀) သန်းဝန်းကျင် အလိုရှိနေပြီး ကာဗာနီမှာ ဘင်ဖီကာ၊ အက်သလက်တီကိုအသင်းများသို့ ရောက်ရှိရန်နီးစပ်ခဲ့သော်လည်း အေးဂျင့်ခ ကြောင့် ပျက်ပြယ်ခဲ့ရသည်။

Source: Goal.com
အဆိုပါ အသက် (၃၃) နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းက ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရှိနေတာပါ။ တနင်္လာနေ့ အပြောင်းအရွှေ့မပိတ်သိမ်းခင် အပြီးသတ် စာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေပါတယ်။
မန်ယူက ကာဗာနီကို တစ်နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းသွားဖွယ်ရှိနေကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။

Source: Manchester Evening News
အဆိုပါ ဥရုဂွေးတိုက်စစ်မှူးဟာ PSG အသင်းအတွက် (၃၀၁) ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း (၂၀၀) သွင်းယူပေးနိုင်ခဲ့ပါတယ်။ စာချုပ်ကိစ္စရပ်တွေကတော့ တနင်္လာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင် အပြီးသတ်ဖွယ်ရှိနေပါတယ်။
မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ်ကစားသမား ဆန်ချို ကိုအဓိကပစ်မှတ်အနေနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ Michael Zorc ကတော့ ဆန်ချိုအနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Source: Eurosport
မန်ယူအသင်းဟာ ဆန်ချိုကိုခေါ်ယူနိူင်ဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ဘာစီလိုနာ တောင်ပံကစားသမားဖြစ်သူ ဒမ်ဘီလီ ကိုလည်းအငှားဖြင့် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
