အတိတ်ကာလတွေမှာတုန်းက လူတွေရှေ့မှာ Impression မကောင်းခဲ့ဘူးဆိုရင် မိမိကိုယ့်မိမိ ယုံကြည်မှုတွေ ပျောက်ဆုံးမသွားအောင် ထိန်းဖို့ခက်ခဲပါတယ်။ ဒါပေမယ့် အစကတည်းက Impression ကောင်းအောင်လုပ်ခဲ့မယ်ဆိုရင် ဒီလိုပြဿနာတွေ ကြုံတွေ့လာစရာအကြောင်းမရှိပါဘူး။
ဒီနေ့ kwee page က သိပ္ပံနည်းကျလေ့လာထားတဲ့ Impression ကောင်းစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပါ။
လက်ဆွဲနှုတ်ဆက်နည်း (၃) မျိုး

သင်တို့ သိဖို့လိုအပ်တဲ့ လက်ဆွဲနှုတ်ဆက်နည်း (၃) မျိုးရှိပါတယ်။ လူတစ်ယောက်ရဲ့ လက်ကိုအပေါ်ဖက်နေ မိုးပြီးဆုတ်ကိုင်တာဟာ သင့်ရဲ့ပါဝါကိုပြရာရောက်ပါတယ်။ လက်ကို တခြားလူတွေရဲ့ လက်အောက်ကနေ ကိုင်ပြီးနှုတ်ဆက်တာက အောက်ကျို့တဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
လူတစ်ယောက်က အခြားတစ်ယောက်ကို တန်းတူမြင်ဆက်ဆံတယ်ဆိုရင် သူတို့ရဲ့လက်က တန်းတူရှိနေပါလိမ့်မယ်။ လူတစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့ အချိန်မှာ နံပက်သုံး လက်ဆွဲနှုတ်ဆက်နည်းကို အသုံးပြုသင့်ပါတယ်။
စီပွားရေးကိစ္စနှင့်ကိုယ်ရေးကိုယ်တာ ကိစ္စ

သင့်ဘဝအကြောင်းတွေကိုပဲ ပြောနေခြင်းက ပရော်ဖက်ရှင်နယ် မဆန်ပါဘူး။ ဒီလိုပဲ စီးပွားရေးအကြောင်းတွေကိုပဲ ပြောနေခြင်းကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းပါတယ်။ ဒါ့ကြောင့် လူတွေနဲ့ စကားပြောတဲ့အခါမှာ စီပွားရေးကိစ္စနှင့်ကိုယ်ရေးကိုယ်တာကိစ္စတွေ မျှပြီး ပြောတက်ဖို့လိုအပ်ပါတယ်။
ချွတ်ယွင်းချက်/ အားနည်းချက်တွေကို ထုတ်ဖော်ပြရမှာမကြောက်ပါနဲ့

လူတိုင်းနီပါးက အမှားနဲ့ကင်းချင်ကြတာပါပဲ။ အမှားကင်းမှ လူတွေအထင်ကြီးမယ် လူလေးစားမယ်လို့ မှတ်ယူထားကြတယ်။ လူတွေကိုသင့်ရဲ့ အစစ်အမှန်သာ ပြပေးပါ။ ချွတ်ယွင်းနေတာကို ထုတ်ဖော်ပြရမှာ တစုံတခုလုပ်ရင် မှားယွင်းမှာ မကြောက်ပါနဲ့။ တယောက်ယောက်က သင့်အမှားကို ပြင်ပေးမယ်ဆိုရင် သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မှာပါ။
ကြိုတင်ပြင်ဆင်ပါ

တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံရမှာကို စိတ်ကူးကြည့်လိုက်ပါ။ ပြောရမယ့်စကားလုံးတွေကို ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်သွားပါ။ ပြီးတော့ တဖက်သားက ပြန်မေးလာနိုင်မယ့်မေးခွန်းတွေအတွက်လည်း ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်သွားရင် အောင်ပွဲဆင်နိုင်မှာပါ။
