ဒီနေ့ kwee page က နောက်ဆုံးရ ကစားသမားအပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အသင်းလက်မဲ့ဖြစ်နေတဲ့ ကာဗာနီကို မန်ယူအသင်းခေါ်ယူ

Source: Evening Standard
မန်ယူအသင်းဟာ အသင်းလက်မဲ့ဖြစ်နေသည့် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ (၃၃ နှစ်) အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပြီး (၂) နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်သက်တမ်း (၁) နှစ်ပြည့်ပါက အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခွင့်ကို ထည့်သွင်းထားကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။
အသင်းဟောင်းသို့ ပြန်သွားပြီဖြစ်တဲ့ ဒူးဂလပ်စ်ကော်စတာ

Source: Bundesliga
ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒူးဂလပ်စ်ကော်စတာသည် အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
ဘိုင်ယန်အသင်းသည် ယင်းအငှားခေါ်ယူမှုအတွက် ကစားသမား၏လစာငွေတစ်ခုတည်းကိုသာ ကျခံရမည်ဖြစ်ကြောင်း သိရပါတယ်။
တဲလက်စ်ကို ခေါ်ယူလိုက်တဲ့ မန်ယူ

Source: Old Trafford Faithful
မန်ယူအသင်းသည် ပေါ်တိုအသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ တဲလက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
မန်ယူအသင်းသည် တဲလက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၁၅) သန်း၊ Add-ons ကြေး ယူရို (၃) သန်းဖြင့် ပေးချေခဲ့ရပါတယ်။
ဒီပိုင်း ဘာစီလိုနာ သို့ပြောင်းရွှေ့သွားပြီ

Source: Goal
ဘာစီလိုနာအသင်းသည် လိုင်ယွန်အသင်းမှ တိုက်စစ်ကစားသမား ဒီပိုင်းကို ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ပြောင်းရွှေ့ကြေး ယူရို (၂၅) သန်း+Add-ons ဖြင့် ကမ်းလှမ်းမှုကို လိုင်ယွန်အသင်းက လက်ခံခဲ့ခြင်းဖြစ်ပါတယ်။
ရာဖင်ညာကို ခေါ်ယူလိုက်တဲ့ လိဒ်

Source: Yorkshire Post
လိဒ်စ်ယူနိုက်တက်အသင်းသည် ရန်းစ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို ပြောင်းရွှေ့ကြေး ယူရို (၁၇) သန်း+Add-ons ကြေး ယူရို (၆) သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
