လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ်ကျင့်တရားကောင်းနေမှ တော်ကာကျမှာပါ။ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေဟာ လူအများရဲ့ ယုံကြည်မှု မရနိုင်သလို လူမူဆက်ဆံရေးမှာလည်း ပြဿနာတွေ ရှိနေတက်ပါတယ်။ ကိုယ်ကျင့်တရားကောင်းတယ်မကောင်းဘူးဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီနေ့ kwee page က ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။

တပါးသူ ယုံကြည်အောင် လိမ်လည်ပြောဆိုတတ်သူများ

Source: Pinch of Attitude

သူတို့တွေဟာ တခြားလူတွေက သူတို့အပေါ် ယုံကြည်လာအောင် အမျိုးမျိုး လိမ်လည်ပြောဆိုတက်ကြပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ်ကျင့်တရားကို ဂရုမစိုက်တဲ့ သူတွေဖြစ်ကြတယ်။

ကတိမတည်သူများ

Source: Everyday Power

သူတို့တွေဟာ ပေးထားတဲ့ ကတိစကားတွေကို မကြာခဏ ချိုးဖျက်လေ့ရှိသူတွေပါ။ ဒီလိုလူတွေက ကိုယ်ကျင့်တရားကို အလေးမထားဘဲ ပြောဆိုနေထိုင်တက်သူတွေဖြစ်ကြတယ်။

ပတ်ဝန်းကျင်ကို လေးစားမှုမရှိသူများ

Source: Dubicars

ကားစီး/ဆိုင်ကယ်စီးနေရင်း ကားပြတင်းမှန်မှတဆင့် အမှိုက်များပစ်ချတာမျိုး၊ တိရစ္ဆာန်လေးတွေကို အကိုင်အတွယ်ကြမ်းခြင်း၊ နှိပ်စက်တတ်တာတို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လက်လွတ်စပယ် ဂရုတစိုက်မရှိတာဟာလည်း ညံ့ဖျင်းတဲ့ အကျင့်စရိုက်ကို ပြသခြင်းဖြစ်ပါတယ်။

အကာအကွယ်လုပ်လွန်းသည့် သူများ

Source: stuff.co

တကယ်တော်၊ တကယ်ထက်မြက်သူတွေအများစုဟာ သူတို့ဘယ်လောက် တော်ကြောင်း၊ ထက်မြက်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါဘူး။ ဒီလိုပဲ ယုံကြည်ရတဲ့လူတွေဟာ သူတို့ဘယ်လောက် တည်ကြည်သိက္ခာရှိကြောင်း၊ သူတို့ကို ယုံကြည်လို့ရကြောင်း ထုတ်ဖော်ပြေဆိုခြင်းမပြုတက်ကြပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အပြုအမူလုပ်ဆောင်ချက်တွေက မဟုတ်ဘဲ စကားတွေကနေတဆင့် သင့်ကို ယုံကြည်လာအောင် ပြောဆိုနေတဲ့သူများဟာ တကယ်မလုပ်ဆောင်နိုင်ဘဲ ဘယ်အရာတွေမှာ ထူးချွန်နေကြောင်းကို အကာအကွယ်လုပ် ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။

အတ္တကြီးသူ

Source: lifehacker Australia

ငါလုပ်တာအမှန် ငါပြောတာ အဟုတ် ဆိုတဲ့လူတွေအများစုကိုလည်း ကိုယ်ကျင့်တရား ခေါင်းပါးတဲ့သူတွေလို့ သက်မှတ်လို့ရပါတယ်။ သူတို့တွေဟာ တခြားသူတွေရဲ့ လုပ်ဆောင်ချက်၊ ပြောစကားတွေကို နားထောင်လေ့မရှိတဲ့အပြင် တခြားလူတွေရဲ့ ခံစားချက်ကိုလည်း ဂရုမစိုက်သူတွေ ဖြစ်ကြတယ်။