ချယ်ဆီးနောက်ခံကစားသမား တိုမိုရီဟာ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး ဝက်စ်ဟမ်းအသင်း ကမ်းလှမ်းခဲ့တဲ့ အငှားစာချုပ်ထဲမှာ ထူးထူးဆန်းဆန်းအချက်တစ်ချက် ပါဝင်ခဲ့တယ်လို့ Caughtoffside က ဖော်ပြခဲ့ပါတယ်။

talkSPORT မှာ ဂျင်ဝှိုက်ရဲ့ပြောကြားချက်အရ ဝက်စ်ဟမ်းအသင်းဟာ တိုမိုရီအတွက် ချယ်ဆီးအသင်းကို ကြီးမားတဲ့အငှားခေါ်ယူကြေးပေးဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပြီး တိုမိုရီကို ပွဲကစားခွင့်မပေးတဲ့အကြိမ်တိုင်းအတွက် ချယ်ဆီးကို ပေါင် ၅ သိန်းလည်း ပေးချေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Evening Standard

တိုမိုရီက အသင်းမှာပဲ ဆက်နေမှာဖြစ်ပြီး မသွားချင်ဘူးလို့ တုံ့ပြန်ခဲ့တဲ့အပေါ် ဝှိုက်က ချယ်ဆီးပရိသတ်တွေဟာ အင်္ဂလန်လူငယ်ကစားသမား ဆက်နေခဲ့တာကြောင့် ဝမ်းမြောက်ကောင်းဝမ်းမြောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ခံစစ်နေရာဟာ ချယ်ဆီးအသင်းရဲ့ အတောင့်တင်းဆုံးနေရာမဟုတ်တာကြောင့် ခံစစ်အတွက် ရွေးချယ်စရာအားလုံးကို အသုံးပြုရမယ့်အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ တိုမိုရီဟာ ဒါဘီကောင်တီမှာ အငှားနဲ့သွားကစားရာကနေ ပြန်လာတဲ့အချိန်မှာ ကနဦးတုန်းက ချယ်ဆီးပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာဖို့အတွက် ကြီးမားတဲ့အလားအလာရှိသူဖြစ်ပုံရခဲ့ပေမယ့်လည်း သိပ်မကြာသေးမီအချိန်ကပဲ နည်းပြလမ်းပတ်ရဲ့ ပွဲထွက်ခွင့်အတွက် မျက်နှာသာပေးခြင်းကို မခံခဲ့ရတာဖြစ်ပါတယ်။

Photo: bleacherreport

အန်တိုနီယိုရူဒီဂါ၊ ခရစ်စတန်ဆန်နဲ့ ကတ်ဇူးမားတို့လိုကစားသမားတွေဟာ အထင်ကြီးစရာကောင်းအောင် အများကြီးလုပ်ပြနိုင်ခြင်းမရှိတဲ့အတွက် တိုမိုရီအနေနဲ့ ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် သိပ်မကြာမီမှာပဲ နောက်ထပ်အခွင့်အရေးရရှိကောင်း ရရှိနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး တော်တော်လေးတိတ်ဆိတ်တဲ့အပြောင်းအရွှေ့ဈေးကွက်ဖြစ်ခဲ့ပြီးနောက် စိတ်ပျက်နေမှာဖြစ်ပါတယ်။